[ E X T R A - 1 ]

2.9K 295 31
                                    

Unicode

ကောင်းကင်ဘုံဟာအရင်လိုပဲငြိမ်းချမ်းလို့နေသည်။ အရှင့်သားပြန်ရောက်လာပြီးကတည်းက နတ်တိုင်းလိုလိုကအရှင့်သားကိုစောင့်ကြည့်နေခဲ့ကြသည်။ အရှင့်သားတကယ်ပဲပြောင်းလဲသွားသလားဆိုတာပေါ့။ ဒါပေမဲ့ နတ်ဆိုးဘုရင်နှင့်ညားသွားသည်ကလွဲပြီး ကောင်းကင်ဘုံမှာဆိုးရွားသည့်ကိစ္စရပ်များမဖြစ်ပေါ်လာတော့ချေ။

မိုးနတ်သားပျောက်ကွယ်သွားသည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်ကမှသတိမထားမိခဲ့ကြဘူး။ သတိထားမိတဲ့နတ်တွေဟာလည်း ထွေထွေထူးထူးအတွေးများမရှိကြပဲ မိုးနတ်သားတစ်ယောက်အရှင့်သားအပေါ်မှားယွင်းစွာစွပ်စွဲမိတဲ့အတွက်အရှက်ရပြီး သူ့အဆောင်မှာတံခါးပိတ်နေသည်ဟုပဲထင်လိုက်ကြသည်။

ဖူးစာရေးနတ်ဘုရားဟာ သူ့ရဲ့ယပ်တောင်ကိုတဖြတ်ဖြတ်ခတ်လိုက်ပြီး သူ့ရဲ့နတ်နန်းဆောင်သို့ပြန်လာခဲ့သည်။ ဖူးစာရေးနတ်ဘုရား၏အဆောင်တော်တွင် နတ်သူငယ်လေးများကမြန်ဆန်သောခြေလှမ်းများဖြင့်ဟိုဟိုဒီဒီသွားကာအလုပ်ရှုပ်နေကြလေသည်။

ဖူးစာရေးနတ်ဘုရား၏အလုပ်ဟာ အောင်သွယ်တော်အလုပ်ပဲဖြစ်သည်။ လူသားတွေ၌သာမကအခြားနတ်ဘုရားတွေဆီမှအချစ်ကြိုးကိုသူဟာမြင်တွေ့ရသည်။ ဒီနေ့သူဟာနတ်ဘုရားတစ်ပါး၏အချစ်ကြိုးကိုစပ်စုချင်မိသည်။ ဒါကတော့ သူတို့ရဲ့ချစ်လှစွာသောအရှင့်သားပဲဖြစ်လေသည်။

အရှင့်သား၏အချစ်ကြိုးဟာပထမကတော့မည်သူနှင့်မှမဆက်သွယ်ထားခဲ့ပေမဲ့ နတ်ဆိုးဘုရင်ပေည်လာတဲ့အချိန်မှစပြီး နတ်ဆိုးဘုရင်ကြီးနှင့်အရှင့်သား၏အချစ်ကြိုးတို့ကဆက်သွယ်လို့လာသည်။ တချို့ဟာအရှင့်သားတစ်ယောက် နတ်ဆိုးဘုရင်နှင့်မကြာခင်ပြတ်ဆဲလောက်မည်ဟုထင်ကြေးပေးကြပေမဲ့ ဖူးစာရေးနတ်ဘုရားကတော့ထိုသို့ဖြစ်ဖို့ကထင်သလောက်မလွယ်ကူဘူးဆိုတာသိသည်။

အရှင့်သားနှင့်နတ်ဆိုးဘုရင်ကြီး၏အချစ်ကြိုးဟာ အလွန်ခိုင်မာလှပြီးအလွယ်တကူဖြတ်တောက်ပစ်၍မရချေ။ သူတစ်ခါကဆို ကောင်းကင်မင်းကြီး၏အမိန့်ကြောင့် အရှင့်သားနှင့်နတ်ဆိုးဘုရင်ကြီး၏အချစ်ကြိုးကိုဖြတ်တောက်ပစ်ဖို့ကြိုးစားခဲ့သေးသည်။ ဒါပေမဲ့ ဘယ်လိုမှဖြတ်တောက်၍မရခဲ့ချေ။ ကောင်းကင်မင်းကြီးလည်းအဆုံးသတ်မှာလက်လျှော့ခဲ့ရသည်။ ကောင်းကင်မင်းကြီးကိုသူနားလည်ပါသည်၊ မည်သူကမိမိ၏ချစ်လှစွာသောသားတော်ကို အင်မတန်ကြမ်းကြုပ်ပြီးဆိုးသွမ်းလှသောနတ်ဆိုးဘုရင်ကြီးနှင့်သဘောတူချင်လိမ့်မည်လဲ။ ဒါပေမဲ့လည်း နတ်ဆိုးဘုရင်နှင့်အရှင့်သား၏ပေါင်းစည်းမှုက မိစ္ဆာများနှင့်နတ်တွေကြားကငြိမ်းချမ်းရေးယူလိုက်သလိုဖြစ်သွားတာကြောင့် အဆိုးထဲကအကောင်းဟုပဲသတ်မှတ်ရလိမ့်မည်။ အခုဆိုရင် မိစ္ဆာတွေနှင့်သူတို့တိုက်ခိုက်စရာမလိုအပ်တော့ဘူးမလား။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now