Chapter - 58

3.5K 386 0
                                    

Unicode

အပြန်မှာတော့ ဝမ်ရန်ကောကကားမောင်းရပြီး၊ကျိုးချန်ကုန်း၊ကုန်းရီရှောင်နှင့်ချီလန်ကအနောက်ခန်း၌ထိုင်ကြသည်။ ချီလန်ကအလယ်မှာရှိနေပြီး သူ့ဘေးတစ်ဖက်ဆီမှာတော့သူ့ကိုတအားစိတ်ပူနေသောလူနှစ်ယောက်ထိုင်နေကြ၏။

သိပ်မကြာခင်သေးကပဲဆူဆူညံညံလုပ်လွန်းနေသောထိုနှစ်ယောက်ကြောင့် ချီလန်ကဆူငေါက်ထားကာသူတို့နှစ်ယောက်စလုံးကငြိမ်သတ်နေကြသည်။ ချီလန်ကတော့ကျိုးချန်ကုန်းရဲ့ပုခုံးပေါ်ခေါင်းမှီ၍ အနားယူလို့နေ၏။

သူတို့ဟိုတယ်သို့ပြန်ရောက်တဲ့အခါမှာတော့ ကျိုးချန်ကုန်းကဆရာဝန်ကိုပင့်ကာ ချီလန့်ရဲ့ပွန်းပဲ့ပြီးခြစ်ရာများရှိနေသောခြေထောက်ကိုဆေးထည့်စေသည်။ ဆရာဝန်ပြန်သွားပြီးနောက်မှာတော့ ချီလန်ကရေမိုးချိုးချင်နေသည်။ဒါပေမဲ့ကျိုးချန်ကုန်းကသူကူညီပေးမည်ဟုအတင်းပြောနေတာကြောင့် ငြင်းဆိုနေရ၏။ ကြားထဲမှာကုန်းရီရှောင်နဲ့ဝမ်ရန်ကောကလည်းအခန်းထဲသို့ရောက်လာကြ၏။

"ဘာလုပ်နေကြတာလဲ..ဒဏ်ရာရောဘယ်လိုနေလဲ"ဟုဝမ်ရန်ကောက ချီလန့်ရဲ့ပတ်တီးစီးထားသောခြေထောက်ကိုကြည့်ပြီးမေးလိုက်သည်။

"ဘာမှမဖြစ်ဘူး။ဒါပေမဲ့ မင်းတို့ကျိုးကောကိုခေါ်ထုတ်သွားကြစမ်းပါ။ငါရေချိုးမလို့ကိုကူညီပေးမယ်လုပ်နေတယ်"

"ဒါကဘယ်ဖြစ်မလဲ!."

ကုန်းရီရှောင်ကမျက်လုံးမှေးကျဥ်းရင်း ပြောဆိုလာသည်။ကုန်းရီရှောင် ကျိုးချန်ကုန်းကိုခေါ်ထုတ်သွားတော့မည်ဟုထင်မှတ်လိုက်စဥ်မှာပဲ တကောင့်သားကထပြောလာ၏။

"ကျုပ်ကူညီပေးရမှာပေါ့..အချစ်ကလေး၊ကိုယ်ကခေါင်းလျှော်တာကျွမ်းတယ်နော်~"

"....."

ဝမ်ရန်ကောကသက်ပြင်းချလိုက်၏။ချီလန့်ရဲ့အေးစက်စက်မျက်နှာကိုမြင်တော့ သူကကုန်းရီရှောင်ကိုဆက်မပြောဖို့တားလိုက်သည်။ ထိုနောက်သူကပဲကုန်းရီရှောင်နှင့်ကျိုးချန်ကုန်းကိုအခန်းထဲကခေါ်ထုတ်သွားလိုက်တော့သည်။ ချီလန်ကသူ့ကိုပြုံးပြပြီး အကြည့်ဖြင့်ကျေးဇူးတင်ကြောင်းပြလာတဲ့အခါမှာတော့ ဝမ်ရန်ကောကရင်ခုန်ပြီးပျော်မြူးသွားလေသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now