Chapter - 44

4.2K 445 3
                                    

Unicode

နောက်တစ်နေ့မနက်၌ကျိုးချန်ကုန်းကတက်ကြွလို့နေသည်။ ဘာလို့ဆို ဒီနေ့တနေကုန်ချီလန်ဖြင့်လျှောက်လည်ကြရမှာလေ။ ကျိုးချန်ကုန်းနှင့်ချီလန်က Hotelဧည့်ကြိုကောင်တာသို့ဆင်းလာလိုက်ကြတယ်။ နှစ်ယောက်စလုံးကသွားရမည့်နေရာအကြောင်းကိုဆွေးနွေးနေကြစဥ် ကောင်တာမှာရပ်နေသည့်လူကိုသတိမထားမိကြချေ။ ထိုလူကချီလန့်ကိုမြင်တော့ ပျော်ရွှင်စွာဖြင့်ပြေးဖက်လာလေသည်။

"အချစ်ကလေး...အခုမှပဲတွေ့ရတော့တယ်။ကိုယ်မင်းကိုအရမ်းကိုလွမ်းနေတာ!!"

ချီလန်မှာကုန်းရီရှောင်ရဲ့ကိုယ်ကိုထိန်းလိုက်ပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်၏။

"ကုန်းရီရှောင်..မင်းဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ကုန်းရီရှောင်ကချီလန့်ကိုမလွှတ်ပေးသေးပဲ ကျိုးချန်ကုန်းကိုမျက်ခုံးပင့်ကာစိန်ခေါ်ဟန်ဖြင့်စိုက်ကြည့်ပြီးပြန်ဖြေ၏။
"အဟက်..ကိုယ်ကမင်းတို့ဘယ်မှာရှိလဲဆိုတာအလွယ်လေးရှာနိုင်ပါတယ်ကွ..။တွေ့တာနဲ့ချက်ချင်းလိုက်လာတာ.."

ကျိုးချန်းကုန်းဟာအံကြိတ်ကာလက်သီးစုတ်လိုက်၏။စိတ်ရှိတိုင်းသာဆို ကုန်းရီရှောင်ကိုထိုးကျိတ်ပြီးပြီ။ဒါပေမဲ့ လူကြားထဲမှာမလို့ချီလန်အရှက်ရမှာလည်းစိုးသလို သူ့ကိုစိတ်ဆိုးမှာလည်းကြောက်တာကြောင့်သည်းခံလိုက်သည်။

ကုန်းရီရှောင်ကကျိုးချန်ကုန်းကသူ့ဆီကအကြည့်လွှဲကာသည်းခံလိုက်ပုံကိုမြင်တော့ အံ့အားသင့်သွားသည်။ အမှန်ဆို ချီလန်နဲ့သူချစ်သူဖြစ်နေတာကိုပြန်သတိရပြီးတော့ သူ့ကိုထိုးကျိတ်သင့်တာမဟုတ်လား။အခုချီလန့်ကိုသူဖက်နေတာကိုလည်းမမြင်ချင်ယောင်ဆောင်သလိုလိုနဲ့ဟန့်တားခြင်းလည်းမလုပ်လာဘူး။

ကုန်းရီရှောင်ကတစ်ခုခုကိုတွေးမိပြီး ဝမ်းသာကြည်နူးသွားကာချီလန့်ကိုတင်းကြပ်စွာဖက်ပစ်လိုက်သည်။

"အချစ်ကလေးကတော်တယ်!"

"ကျစ်!ဘာလားဟ..ဖယ်ဦး..နာနေပြီ"

ကုန်းရီရှောင်ကဖယ်ပေးလိုက်တယ်။ ဒါပေမဲ့ရုတ်တရက်သူကချီလန့်ရဲ့လည်ပင်းအောက်ကအမှတ်အသားနှင့်ကိုက်ရာများကိုမြင်လိုက်ရသည်။ ကုန်းရီရှောင်ကဟင်ခနဲဖြစ်သွားပြီး ချီလန့်ရဲ့လည်ပင်းကိုထိတွေ့လာကာ..

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now