Chapter - 28

5.3K 568 48
                                    

Unicode

ကုမ္ပဏီရဲ့ဆက်ခံသူဖြစ်ခါပြီးနောက် ကျိုးချန်ကုန်းကပို၍အလုပ်များလာခဲ့ပြီး သူ့မှာအချိန်ပြည့်ကုမ္ပဏီမှာရှိနေရတော့သည်။ဒီကြားထဲရှယ်ယာရှင်တွေရဲ့ယုံကြည်လေးစားမှုမပျက်ဆီးအောင်လို့ စီမံကိန်းတစ်ခုကိုတာဝန်ယူပြီးဆောင်ရွက်ခဲ့ရသေးသည်။ ဝန်ထမ်းတွေရဲ့အမြင်မှာလည်း အလုပ်ရှင်ကောင်းပီသအောင်နေထိုင်ပြရသေးသည်။ အဖေဖြစ်သူကလည်းသူ့ကိုကုမ္ပဏီကိုအပ်နှံလိုက်ချိန်ကတည်းက ခရီးထွက်သွားလိုက်တာ အိမ်ကိုပြန်မလာတော့ချေ။ အနားယူချင်လို့တမင်များသူ့ကိုဒီကုမ္ပဏီကိုပေးခဲ့တာလားမသိပါဘူး။

အဆိုးဆုံးကတော့ ချီလန်နဲ့သူကောင်းကောင်းမွန်မွန်စကားမပြောရတာအလွန်ကြာနေပြီဖြစ်သည်။ စကားပြောမယ်လုပ်တိုင်း အလုပ်ကိစ္စကပေါ်လာလိုက်နဲ့ကုမ္ပဏီကိုပြန်သွားရနဲ့ကတကြောင်း ကုမ္ပဏီကပြန်လာတော့လည်း ညနက်နေပြီဖြစ်တာကြောင့် သူ့ရဲ့ချီလန်ကအိပ်နေပြီဖြစ်ကာ သူ့မှာတွေ့ခွင့်မရပြန်..။ ကျိုးချန်ကုန်းတို့ကတော့ ကံဆိုးမိုးမှောင်ကျနေပြီပဲ။ အဖေ့ကိုကုမ္ပဏီရဲ့CEOနေရာပြန်လွဲပေးလိုက်ရင်ကောင်းမလားဟုတောင်တွေးမိသည်အထိ သူစိတ်ဆင်းရဲနေရသည်။

"CEO..CEOရှင့်"

"အမ်..အင်း..ပြော"

အတွေးနွံထဲနစ်နေသည့်CEOကို အတွင်းရေးမှူးမလေးကမနည်းခေါ်လိုက်ရပြီးနောက် သတိပြန်ဝင်လာတဲ့အခါ သူ(မ)ကပြုံးလိုက်ပြီး ပြောလိုက်သည်။

"CEO..ဒီမှာ..ဒါဒီနေ့အတွက် scheduleပါရှင့်။ 5နာရီလောက်မှာ အကျိုးတူပူးပေါင်းထားတဲ့ကုမ္ပဏီကသူဌေးတစ်ယောက်နဲ့တွေ့ဖို့ရှိပါတယ်ရှင့်.. ပြီးတော့ 7နာရီခွဲမှာဒင်နာအစည်းအဝေးရှိပါတယ်..ဒါပြီးရင်တော့ ဘာscheduleမှမရှိတော့ပါဘူးရှင့်"

"အင်း..သိပြီ။အခု4နာရီခွဲနေပြီဆိုတော့ တစ်ဖက်ကလုပ်ငန်းရှင်ကိုတွေ့ဖို့သွားကြမယ်"

"ဟုတ်ကဲ့ရှင့်..ကျွန်မကားအဆင်သင့်ပြင်ထားလိုက်ပါမယ်"

ကျိုးချန်ကုန်းလည်းအပေါ်အင်္ကျီဝတ်လိုက်ပြီး ရုံးခန်းမှထွက်လာလိုက်သည်။ထိုနောက် ချိန်းဆိုထားသောစားသောက်ဆိုင်သို့ဒါရိုက်ဘာကမောင်းထွက်လာလိုက်သည်။ စားသောက်ဆိုင်ရောက်တဲ့အခါ ကြိုယူထားသောအခန်းထဲသို့သွားပြီး အစားအသောက်တချို့မှာကာတစ်ဖက်လူကိုကျိုးချန်ကုန်းစောင့်နေလိုက်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now