Chapter - 93.5

3.2K 262 2
                                    

Unicode

ညသန်းခေါင်ယံအချိန်တွင် တိတ်ဆိတ်နေသည့်ကျိုးအိမ်တော်၌ ကျိုးချန်ကုန်းဟာသူ့အခန်းထဲ၌အိပ်မောကျလျက်ရှိနေပြီး အခြားသောအခန်းတစ်ခန်းတွင်တော့ လှုပ်ရှားမှုတို့ရှိနေသည်။

ဝမ်ရန်ကောဟာချီလန့်ရဲ့ခါးကိုကိုင်ထားပြီး ခေါင်းကိုမော့ကာချီလန့်အားနမ်းရှိုက်လို့နေသည်။ အနမ်းတို့မှာကြာရှည်လွန်းနေပြီဖြစ်တာကြောင့် သူတို့နှစ်ဦး၏နှုတ်ခမ်းထောင့်၌အရည်ကြည်တို့စီးကျလို့နေသည်။ အနမ်းတို့ကိုရပ်ဆဲလိုက်တဲ့အခါမှာတော့ နှစ်ဦးစလုံးရဲ့နှုတ်ခမ်းတို့ဟာထုံထိုင်းလို့နေသည်။

ဝမ်ရန်ကောဟာနှုတ်ခမ်းထောင့်ကိုလျှာဖြင့်လျက်လိုက်ပြီး သူဟာအနည်းငယ်စိုးရိမ်ကြောင့်ကျသည့်လေသံဖြင့် ချီလန့်ကိုမေးလိုက်သည်။

"မစ္စတာကျိုးအိပ်နေပြီဆိုတာသေချာလား?သူရောက်လာရင်ဘယ်လိုလုပ်မလဲ?"

"စိတ်မပူနဲ့..ကောကဒီအချိန်ဆိုအိပ်မက်ကမ္ဘာထဲတောင်ရောက်နေပြီ"
'တကယ်လို့ရောက်လာတော့လည်း ပါဝင်ဆင်နွှဲခိုင်းလိုက်မှာပေါ့'ဟုထိုစကားကိုတော့ ချီလန်ဟာစိတ်ထဲ၌ပြောလိုက်သည်။

"ထားပါ။မင်းငါနဲ့လုပ်မှာလား..မလုပ်ဘူးလား?မလုပ်ရင်ငါ့အခန်းငါပြန်မယ်"

"မဟုတ်ဘူး..လုပ်မယ်!"

ဝမ်ရန်ကောမှာနီမြန်းနေသည့်မျက်နှာဖြင့် ထိုစကားကိုပြောကာ ချီလန့်ကိုမထွက်သွားစေရန်တားဆီးလိုက်သည်။

ချီလန်ဟာသူ့ဘောင်းဘီအိတ်ကပ်ထဲမှ ချောဆီဘူးနှင့်ကွန်ဒုံးသုံးခုကိုထုတ်လိုက်ပြီး ဝမ်ရန်ကောလက်ထဲထည့်လိုက်သည်။ ဝမ်ရန်ကောကသူ့လက်ထဲမှကွန်ဒုံးတို့ကိုကြည့်ကာ မျက်နှာပူသွားသည်။

"မင်းဒီတိုင်းပဲနေတော့မှာလား?"

ချီလန်ဟာငြိမ်နေသည့်ဝမ်ရန်ကောကြောင့် စိတ်မရှည်စွာမေးလိုက်သည်။ အရှေ့ကလူသုံးယောက်တုန်းကတော့ အနမ်းပေးလိုက်သည်နှင့်နောက်ဆက်တွဲလုပ်ရမှာတွေကိုသိကြပြီး တားဆီးချိန်တောင်မရှိပေ။ ဝမ်ရန်ကောဟာတော့ ဘာမှလည်းမလုပ်လာပဲ မလှုပ်မရှပ်နှင့်ထိုင်နေသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now