Chapter - 39

4.5K 532 32
                                    

Unicode

တစ်ဖက်ကကောင်တွေဟာ ချီလန်ကိုမနိုင်တဲ့အပြင် ကုန်းရီရှောင်လည်းဝင်ရောက်လာတဲ့အခါ သူတို့ထဲကတစ်ယောက်ကတစ်နေရာသို့ပြေးထွက်သွားလေသည်။ ပြန်ရောက်လာတဲ့အခါမှာတော့ သူကနောက်လိုက်တွေအများကြီးခေါ်လာ၏။ ကုန်းရီရှောင်ကဆဲရေးလိုက်ပြီး ချီလန့်ရဲ့လက်ကိုဆွဲလိုက်သည်။ချီလန်ကဘာလဲဟဆိုသည့်သဘောဖြင့်လှည့်ကြည့်စဥ် ကုန်းရီရှောင်ရဲ့ဆွဲခေါ်သွားခြင်းကိုခံရလေသည်။

"အဲ့ကောင်တွေကိုလိုက်!မလွတ်စေနဲ့..!လိုက်ကြ!"

လူမိုက်အုပ်စုကလည်း ပြေးထွက်သွားသောကုန်းရီရှောင်နှင့်ချီလန်ရဲ့အနောက်သို့ပြေးလိုက်ကြလေတယ်။ ယုန်ကလေးကစိုးရိမ်စွာဖြင့်ထွက်ပြေးသွားသောလူနှစ်ယောက်ကိုကြည့်ရင်း ချီလန့်ရဲ့အပေါ်ဝတ်ကိုတင်းကြပ်စွာဆုတ်ကိုင်လိုက်တယ်။သူ့အနေဖြင့် ချီလန်တို့ဘာမှမဖြစ်ပါစေနှင့်ဟုသာဆုတောင်းရုံပဲတတ်နိုင်သည်။

ကုန်းရီရှောင်ကချီလန့်ကိုလမ်းကြားတွေထဲထိခေါ်ဆောင်သွားလေတယ်။သူကအနောက်ကလူမိုက်အုပ်စုကိုမျက်ခြေဖျက်လိုက်နိုင်ပြီး လမ်းကြိုလမ်းကြားတစ်နေရာသို့ရောက်တဲ့အခါဝင်ပုန်းလိုက်၏။ ကုန်းရီရှောင်ကအမောဖြေနေစဥ် သူ့ရဲ့ခေါင်းအခေါက်ခံလိုက်ရသည်။

"အ ဘာလုပ်တာလဲ ချီလန်"

ချီလန်ကသူ့ကိုအံကြိတ်ကာစိုက်ကြည့်နေပြီး..
"ဘာလို့ပြေးတာလဲ။ငါသူတို့ကိုကိုင်တွယ်နိုင်တဲ့ဟာကို.."

သြော်၊ဒါကိုဒေါသထွက်နေတာလား။ကုန်းရီရှောင်ကပြုံးလိုက်ပြီး ချီလန်အနားကိုကပ်လိုက်သည်။

"အဲ့ကောင်တွေကတကယ့်လူမိုက်တွေ၊သူတို့လက်ထဲမှာဓားတွေ သေနတ်တွေပါလာနိုင်တယ်။သူတို့ကလူသတ်ဖို့လဲဝန်မလေးဘူး။ ကိုယ်ကကြောက်တာမဟုတ်ပေမဲ့ ချီလန်ထိခိုက်မှာစိုးလို့နောက်ဆုတ်လိုက်တာ။ ကိုယ်တစ်ယောက်ထဲဆိုသူသေကိုယ်သေဖိုက်ရဲတယ်။ဒါပေမဲ့ချီလန်ပါနေရင်တော့ မဖြစ်ဘူး။ချီလန့်ကိုပဲအာရုံစိုက်နေမိမှာဆိုတော့ ကိုယ်မသာပေါ်သွားနိုင်တယ်"

"သောက်အပိုတွေ..မင်းမနိုင်ရင်မနိုင်ဘူးပြောပါ။ဟွန်း..ဒီကောင်တွေကိုပညာပေးပစ်ရမှာ..အဲ့ဒါမှနောက်လာပြီးဇောင်းမကြွရဲမှာ!"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now