Chapter - 102

3.5K 271 8
                                    

Zawgyi

နောက်တစ်နေ့တွင် လှိုင်းထန်လို့နေ၏။သင်္ဘောသားများကအတတ်နိုင်ဆုံးအလုပ်လုပ်နေကြစဥ် သူတို့ရဲ့သူဌေးကတော့ပျော်ပါးလို့နေ၏။

"အာ့..ကုန်းရီရှောင်!ဘာလို့ခဏခဏကိုက်နေတာလဲ..မင်းကခွေးလား!"

"ချစ်လို့ကိုက်တာလေ..ဘာဖြစ်လဲ..ကိုင်တယ်ကွာ!"

"အ..ရပ်တော့!ဒီဖေ..နာတယ်ကွ!"

"အာ့!"

နောက်ဆုံးတော့သည်းမခံနိုင်တော့သည့် ချီလန်ဟာကုန်းရီရှောင်ရဲ့ခေါင်းကိုလက်သီးစုတ်ဖြင့်ထုချလိုက်တော့သည်။ ဒီလောက်လှိုင်းထန်ပြီး သင်္ဘောကလှုပ်ယမ်းနေတာတောင်ဒင်းကမဟုတ်တာလုပ်ချင်နေသေးတယ်။မနေ့ညကပဲ သူတို့တွေချီလန့်ကိုအရိုးရောအသားရောမချန်စားခဲ့ကြပြီးပြီလေ။

သူ့မှာနေ့လယ်ထိမထနိုင်ဖြစ်ခဲ့ရပြီး ဒင်းတို့ကဒါတောင်သူ့ကိုထပ်ထိချင်နေကြသေး၏။

ကျိုးချန်ကုန်းကပြုံးရင်း အနားသို့လျှောက်လာကာ သူဟာကုန်းရီရှောင်ဆီမှချီလန့်ကိုခေါ်လိုက်ပြီး..

"ကုန်းရီရှောင် မင်းအေးဆေးငြိမ်လိုက်တော့။ချီလန်နားပါစေ"

ဝမ်ရန်ကောကလည်းမုန့်အချိုစားရင် ဝင်ထောက်ခံ၏။

"ဟုတ်တယ် ကုန်းရီရှောင်!အငြိမ်မနေချင်ရင် မင်းအလုပ်သမားတွေကိုသွားကူညီလိုက်!"

လီယန်ကတော့လှိုင်းထန်နေတာတောင် ကုတင်ပေါ်၌လဲကာသူကခါတိုင်းလိုပဲတိတ်ဆိတ်စွာအကုန်လုံးကိုကြည့်လို့နေသည်။ ထိုနောက်သူကကျိုးချန်ကုန်းကိုချီလန့်အားကုတင်ဆီခေါ်လာဖို့ပြောလိုက်သည်။

ကုန်းရီရှောင်ကသူပဲအပြောခံနေရတာကြောင့် စိတ်တိုလာ၏။ သူတော်ကောင်းယောင်ဆောင်ချင်နေကြတယ်။ဒီမနက်တင်ပဲ ချီလန့်ကိုထိတွေ့ချင်နေကြသည်မှာသူတို့မဟုတ်ခဲ့တဲ့အတိုင်းပဲ။

အထူးသဖြင့်လီယန်အဆိုးဆုံးပဲ။ဒင်းကချီလန့်ကိုရင်ခွင်ထဲထည့်ပြီး ဇိမ်ကျစွာအိပ်နေနိုင်သည်။ မနေ့ညကတည်းကချီလန့်ကိုဖက်မအိပ်ကြဖို့သဘောတူညီခဲ့ကြသည်မဟုတ်ပါလား။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now