Part 2

2K 189 0
                                    

Unicode

အခန်း ၂။  အိုက်ယိုး ငါ့ရဲ့ သနားဖို့ကောင်းတဲ့မြေးလေး။

ဒီရုတ်တရက်ဆန်တဲ့စာသားကြောင့် ပတ်လည်က ရပ်နေတဲ့လူတွေအားလုံး ကြောင်ကုန်ကြတော့သည်။

လီရှက အရင် အသိဝင်လာကာ ဘွားဘွားကြီးက သရဲနဲ့တွေ့လိုက်ရလို့ စိတ်လွတ်သွားပြီလို့ ခံစားမိလိုက်ရသည်။

ဒေါက်တာက ခနလောက်နေမှ အသိဝင်လာပြီး ချက်ချင်းပင်။ “ဘွားဘွားကြီးက အဆင်ပြေပါတယ် ဘာပြဿနာမှမရှိပါဘူး ရက်အနည်းငယ်လောက်နားလိုက်ရင်သက်သာသွားမှာပါ”

ဒေါက်တာက ဘွားဘွားကြီးရဲ့ဒေါသကို သိတာမို့ ကြာကြာမနေရဲဘဲ ပြောသင့်တာ ပြောပြီးတာနဲ့ ထွက်သွားတော့သည်။

စာကြောင်းတစ်ကြောင်းလောက် အော်ရတာကို နင်းမုန် တစ်ကိုယ်လုံး အားမရှိတော့သလိုပင်။

အားကုန်သွားပြီမို့ မျက်လုံးပြန်မှေးကာ အိပ်ရာပေါ် ကျောပြန်မှီလိုက်သည်။ ခေါင်းဆန့်ကာ ထိုကောင်မလေးနှစ်ယောက်က ဘယ်လိုပုံစံလဲဆိုတာ သေချာကြည့်လိုက်သည်။

လီရှက ခေါင်းအုံးတစ်လုံးယူပြီး သူ့ကို နည်းနည်းလောက် ထိုင်လို့ရအောင် နောက်မှာထားပေးလိုက်သည်။

ဆေးရုံကုတင်မှာ ထိုင်ရတာ ပျင်းတုန်းက အွန်လိုင်းက ဟာသဗီဒီယိုတွေကို ကြည့်ရတာ သဘောကျသည်။  လှပတဲ့ သူနာပြုညီအစ်မတွေက သူ့ကို ဂရုစိုက်ပေးပြီးတော့ သူမကို စာအုပ်တွေဖတ်ဖို့လည်း ခေါ်သွားပေးသလို ဝတ္ထုတွေကောပါသည်။

သူမ မကူးပြောင်းလာခင် နောက်ဆုံးဖတ်လာတဲ့ ဝတ္ထုကဆို မော်ဒန်ဝတ္ထုတစ်ခုဖြစ်ပြီး ချမ်းသာတဲ့မိသားစုက တာဘိုကို ဝယ်ပြီး အင်တာနက်ကို ရှာတွေ့ခဲ့တဲ့အကြောင်းပင်။ ဒါပေမဲ့ ဝတ္တုနာမည်က ကျင်းကျန်းရဲ့အဆင့်နဲ့ မကိုက်ညီပေမဲ့ သူမက သိချင်လာလို့ဖတ်ခဲ့သည်။

အခုကျ သူမ ဒီဝတ္ထုထဲ ရောက်လာခဲ့သည်။

ဖုန်းရွှေသဘာဝလွန် ဝတ္ထုနာမည်က ‘ချမ်းသာတဲ့ သရဲသခင်လေး’ တဲ့

ကျင်းကျန်း ဝက်ဆိုဒ်က တခြားဝက်ဆိုဒ်တွေနဲ့မတူပင်။ သူတို့မှာက အမျိုးသမီးဇာတ်ဆောင်တွေက စီအီးအိုနဲ့ ကိုယ်ဝန်ရှိလို့ထွက်ပြေးသွားတဲ့ အချစ်ဝတ္ထုတွေနည်းတာမို့ နင်းမုန်က ဖတ်ရတာ ကြိုက်လေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Tempat cerita menjadi hidup. Temukan sekarang