Part 72

552 66 1
                                    

 အပိုင်း (၇၂) မင်း နည်းနည်း နီးကပ်လာချင်လား

နင်မုန့်က ခေါင်းကို ငုံ့လိုက်ပြီး ခြေဖျားထိပ်ကိုသာ ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် နောက်ကျနေကြောင်း မြင်မှသာ သူမက တုန့်ဆိုင်းစွာဖြင့် မော့ကြည့်လိုက်ပြီး mask ကို ဆွဲချလိုက်သည်။ သူမက ညင်သာစွာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း လုံခြုံရေးကို အထူးတလည် သေချာပေါက် ဂရုစိုက်ပေးပါ"

ရှီချီက အနည်းငယ် အံ့ဩသွားသည်။ သူ၏ မျက်ဝန်းထဲတွင် သူမလေး၏ သေးသွယ်သော ခန္ဓာကိုယ်က ရောင်ပြန်ဟပ်နေသည်။ သူက ခေါင်းကို ငုံ့လိုက်ပြီးနောက် သူ၏အေးစက်ကာ ကြုံ့ထားသော မျက်မှောင်ကပင် ပြေလျော့သွားပြီး အသံက အနည်းငယ်ပို၍ဩရှိသွားသည်။

"ကိုယ်သိပါပြီ"

...

သူမက ကျောင်းသို့ ပြန်ရောက်သွားသောအချိန်က ညနေစောင်းနေလေပြီ။

နင်မုန့်က လိုအပ်သောစာအုပ်များနှင့်အတူ ကျောင်းဆောင်သို့ အလျင်စလို သွားသည်။ သို့သော် တံခါးဝတွင် ကုနန်ချန်နှင့် တိုးပြန်သည်။ ကုနန်ချန်က ညင်သာသော မျက်နှာလေးရှိနေသော်လည်း လက်ကဒဏ်ရာရထားသောကြောင့် စာအုပ်များကို ဘေးဘက်ရှိကောင်လေးက ကိုင်ထားပေးသည်။ ထိုကောင်လေးကိုလည်း သူမကမသိပေ။

မူလက တစ်ဖက်လူက သူမကို တစ်စုံတစ်ရာလာပြောသည်ဟု ထင်ခဲ့မိသေးသည်။ သို့သော် ကုနန်ချန်က သူမကို မြင်လိုက်သည်နှင့် ‌ချက်ချင်းလိုလို ခေါင်းငုံ့ကာ ထွက်သွားလေသည်။

နင်မုန့်က ထိုနေရာတွင် မင်သက်စွာ တခဏခန့် ရပ်ကြည့်နေလိုက်ရသည်။ ထို့နောက် စာသင်ခန်းထဲသို့ ဝင်သွားလိုက်သည်။

အတန်းတက်သောလူအများအပြား မရှိချေ။ အားလုံးက ကိုယ်စီဖုန်းများကိုင်ထားကြပြီး ကိုယ့်ကိစ္စကိုယ်လုပ်နေကြသည်။

သူမကလည်း ဖုန်းထုတ်ပြီး Weibo ထဲသို့ login ဝင်လိုက်သည်။

ယခုတလော ကျောင်း၏အရေးကိစ္စများက Weibo တွင် မကြာခဏ အရှာခံနေရပြီး ကျောင်း၏တရားဝင် Weibo ကလည်း Comment ပေါင်းများစွာ သီးသန့်စာပေါင်းများစွာဖြင့် ပွဲစည်နေလေ့ရှိသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now