Part 9.1

1.2K 141 0
                                    

Unicode

အခန်း ၉.၁။ တံခါးမှာ မှန်တစ်ချပ်ချိတ်ထား

ပြောရရင် ကျောင်းမှာက တကယ်တန်း လူအိုရုံနှစ်ခုရှိလေသည်။ တစ်ခုက တက္ကသိုလ်ဝင်းထဲမှာရှိပြီး တစ်ခုက အဆောင်အဆောက်အဦးမှာ ဖြစ်သည်။ 

ဒါပေမဲ့ အဆောင်က ဟာက ပိုဝေးသည်။  အဲဒါက မိန်းကလေး အဆောင်အတွင်းဘက်ဆုံးမှာတည်ရှိပြီးတော့ တော်တော်လေးလည်း အိုဟောင်းနေပြီပင်။ ဒါပေမဲ့လည်း အဲဒါကတော့ မိန်းကလေးတွေအတွက် ပိုနီးတာမို့ တော်တော်များများက အဲကို သွားလေ့ရှိသည်။ 

စုချင်းချင်းနဲ့ စုရွှဲက ထိုနေရာနဲ့ တော်တော်လေးရင်းနှီးသည်။ 

အဆောင်ထဲက လူအိုရုံက တအားရိုးရှင်းသည်။ ပထမထပ်မှာ အခန်းတစ်ခန်းတည်းသာရှိပြီး များသောအားဖြင့် တာဝန်ကျ သူနာပြုတစ်ယောက်နဲ့ ဒေါက်တာ တစ်ယောက်သာရှိတတ်သည်။ 

စုချင်းချင်း ပြတင်းပေါက်ရှေ့မှာ ရပ်ကာ အော်ဖို့လုပ်လိုက်သည်။

သူမ မထင်ထားခဲ့ ပြတင်းပေါက်တွေက မပိတ်ထား​တော့ လေတိုက်တာနဲ့လိုက်ကာတစ်ချက် အလွင့်မှာ အထဲက အရာအားလုံး ချက်ချင်းပေါ်လာတော့သည်။

စုရွှဲက သူမကို ကျောပေးပြီးဆေးရုံကုတင်မှာ လှဲနေကာ သူမ အိပ်ပျော်နေတဲ့အတိုင်းပင်။

စုချင်းချင်း လှမ်းအော်လိုက်သည်။ “စုရွှဲ။ နင် ဘာလို့ အိပ်ရာပေါ် အိပ်နေတာလဲ”

သူမ အသံငြိမ်သွားတာနဲ့ စုရွှဲက အိပ်ရာပေါ်ကနေ လှည့်လာကာ သူမကို မျက်နှာချင်းဆိုင်လာခဲ့သည်။ ဒါပေမဲ့ သူမ မျက်နှာက အလွန်ကိုမှ ကြောက်လန့်နေကာ ပါးစပ်ကို အကျယ်ကြီးဟပြီး ဘာအသံမှလည်းထွက်မလာခဲ့ပေ။

စုချင်းချင်း ထိုအချိန်ထိလည်း သတိမပြုမိသေး ပြီးတော့ သူမက ဆက်ကာ “နောက်တောင်ကျနေပြီ မြန်မြန်သွားရအောင် တကယ်လို့ ဒီမှာဘယ်သူမှမရှိရင် ရှေ့က လူအိုရုံကိုသွား…..”

သူမ ဆုံးအောင်မပြောနိုင်သေးခင်မှာပဲ သူမ မျက်လုံးပြူးသွားတော့သည်။

ကုတင်ပေါ်က စုရွှဲရဲ့ အနီရောင်နှုတ်ခမ်းသေးသေးလေးတွေက တဖြည်းဖြည်းနဲ့ဘေးကိုဆွဲခံရသလို ကွဲထွက်လာပြီး သွေးတွေ ထွက်လာခဲ့သည်။ တစ်ယောက်ယောက်က ကတ်ကြေးသုံးပြီး ပါးစပ်ကို ဖြတ်နေတဲ့အတိုင်းပင်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now