Part 51.2

687 98 0
                                    

အပိုင်း(၅၁.၂) အနာဂတ်မှာ မင်းဆီက လျှော်ကြေးရဖို့ မျှော်လင့်တယ်။ (၁)

နင်မုန့်က သူမကို ခေါင်းလှည့်ပြီးကြည့်ကာ နားမလည်သလိုဖြင့် မေးလိုက်သည်။

"ဘာကိုလဲ။ ဘယ်လိုဖြစ်ပြီး ရှီချီက ပါလာတာလဲ"

သူမ၏စကားကို ကြားသောအခါ ချုံခယ့်ခယ့်က ရုတ်တရက် နှင်းလုံးကို လွှင့်ပစ်လိုက်သည်။

"နင့်ရဲ့နောက်ဆုံးစကားက ငါ့ကို..."

"ငါအခု ထင်လိုက်သလိုမျိုး မင်းက ချစ်စရာ မကောင်းဘူးပဲ"

နင်မုန့်က သူမ၏ခေါင်းကို မာဖလာအတွင်း မြှုပ်လိုက်ပြီးနောက် အင်္ကျီဂျာကင်မှ ကော်လံအထောင်လေးကိုလည်း ထောင်လိုက်သည်။ သူမ၏လေသံက အထဲမှ ဝေဝါးစွာသာ ထွက်လာသည်။

"ကောင်းပြီ ကောင်းပြီ စကားကို ကောင်းကောင်းမွန်မွန် ပြောမယ်။ ရှီချီနဲ့ ဘာဆိုင်လို့လဲ"

ချုံခယ့်ခယ့်က သူ၏နောက်ပိုင်းစကားကို ဆက်ပြောလာသည်။

"အတန်းတုန်းက ပြောသွားတဲ့ ဆရာရဲ့စကားအဓိပ္ပာယ်ကို ငါမေးချင်တာ"

"ဪ.. နင် အဲဒီတုန်းက ပြောသွားတဲ့ စကားကလည်း..."

နင်မုန့်က ပြန်တွေးလိုက်မိပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ငါက အအေးကြောက်တယ် ဆိုတော့ ငါ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ဖို့ သတိပေးတာ ဖြစ်လောက်တယ်"

ချုံခယ့်ခယ့်က သူမ၏ သနားစဖွယ် အားနည်းသော ပုံပန်းသွင်ပြင်လေးကို ကြည့်ပြီးနောက် ဆက်မမေးဖြစ်တော့ချေ။ နှစ်ယောက်က ကျောင်းထိပ်တွင် လမ်းခွဲလိုက်သည်။

...

ညနေတွင် ရှီချီက ပိုပြီး နားလည်မှုရှိလာသည်။ နင်မုန့်က မနက်ပိုင်းမှ ကိစ္စကြောင့် အလွန်ရှက်နေခဲ့သည်။ ထို့ကြောင့် သူကသာ တက်တက်ကြွကြွဖြင့် လက်ကို အရင်ကမ်းပေးလာကြောင်း မြင်သောအခါ သူမက လျှို့ဝှက်စွာဖြင့် ပျော်သွားသည်။ ရှီချီ၏မျက်နှာကမူ ထူးထူးခြားခြား မျက်နှာထား ပြောင်းလဲနေခြင်း မရှိချေ။

သူက ပြောသည်။

"ကျောင်းပြီးရင် ငါ့ကို ခဏစောင့်"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Donde viven las historias. Descúbrelo ahora