Part 50.1

615 81 0
                                    

အပိုင်း (50.1) ရှီချီ နင့်ရဲ့လက်ကိုထိပါရစေ။(၁)

မြေပေါ်ချထားသောဖုန်းက အလင်းရောင်ထွက်နေသေးသည်။

လျိုရွှမ်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် မှန်ထဲမှမျက်နှာကို သေချာပြန်ကြည့်ပြီးနောက် တောက်ပစွာပြုံးသည်။ သူမ၏အမြင်က မမှားချေ။ သူမ၏မျက်နှာက ပုံမှန်ပြန်ဖြစ်သွားလေပြီ။ သူမက နင်မုန့်၏အနားသို့ ကပ်သွားသည်။

"စီနီယာအစ်မ ကျွန်မရဲ့မျက်နှာ ပြန်ရောက်လာပြီ။ ကျွန်မဝတ်ထားတဲ့မျက်နှာဖုံး ပျောက်သွားပြီ"

ထိုစကားကို ကြားသောအခါ နင်မုန့် က ဖုန်းကိုကောက်ကိုင်ပြီးနောက် သူမဘက်သို့အလင်းပြသည်။ သေချာစွာပင် ကျန်းမာရေးမကောင်းသော အသားအရောင်ရှိနေခြင်းကလွဲပြီး အနက်ရောင်လေထုက မျက်နှာကိုကာနေကြောင်း မရှိတော့ချေ။

သူမကလည်း နှစ်သိမ့်ပေးလိုက်သည်။

"ဒါဆိုရင် ကောင်းတာပေါ့။ ဒါဆိုရင် ဒီနေရာကနေ မြန်မြန်ထွက်သွားရအောင်။"

လျိုရွှမ်း က ခေါင်းညိတ်သည်။

"ကောင်းပါပြီ"

နှစ်ယောက်က အပြင်သို့ရောက်သောအခါ ရှီချီက ကျောက်စာတိုင်မှ ထွက်လာကာစဖြစ်သည်။ မြေပြင်ပေါ်ရှိ ရွှေရောင်အမှုန့်များက အလင်းရောင်ထွက်နေသေးသည်။ ထူးဆန်းသော သင်္ကေတကလည်း ပေါ်နေသည်။

နင်မုန့်ကလည်း ဒါက ဂါထာအမျိုးအစားဖြစ်ရမည်ဟု တွေးလိုက်သည်။

အနက်ရောင်လေထုက လျော့ပါး ပျောက်ကွယ်သွားပြီဖြစ်ပြီး အပြင်သို့ထွက်ရန် ကြိုးစားနေသော စိတ်ဝိညာဉ်များက လိမ်တွန့်ကာဖြင့် အထဲသို့ပြန်ဝင်သွားရသည်။

တစ်နာရီသာလျှင် ကြာသော်လည်း ဒီကိစ္စက နဂိုအတိုင်း ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။

ရှီချီ က လှည့်ကြည့်လိုက်သည်။

"ငါတို့သွားလို့ရပြီ"

နင်မုန့်က သူ၏အနားသို့ အလျင်စလို သွားပြီးနောက် ဒီအလွန်အမင်း ထူးဆန်းသောနေရာမှ ထွက်သွားချင်စိတ် ပြင်းထန်နေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now