Part 7

1.2K 169 0
                                    

Unicode

အခန်း ၇။ သရဲတွေက လူတွေကို အန္တရာယ်ပြုနိုင်တယ်

သူ့ကို ကောင်းကောင်းကျွေးမွေးလာရင်း အရင်ကလောက် ရှီချီက ပိန်လှီမနေတော့ပေ။

နင်းမုန် နေ့တိုင်း သူမရဲမျက်လုံးတွေကို ကျဉ်းကာ သူ့ကို ကြည့်ရှုတတ်သည်။  ကလေးရဲ့ ဝါကြန့်ကြန့် အသားအရေကလည်း ဖြူဝင်းလာပြီပင်။

ရှီချီက မနက်တိုင်း စောစောထတတ်သည်။ 

အဲလိုတင် မကသေး သူမကို တံခါးအပြင်မှာလည်း စောင့်နေတတ်သည်။

နင်းမုန် တံခါးဖွင့်လိုက်တာနဲ့ သူဘေးမှာ ကုပ်ကုပ်ကလေးနေပြီး ငိုက်နေတာကို တွေ့တတ်သည်။  သူမ အဲဒါကို မြင်လိုက်တိုင်း ရင်ထဲမကောင်းပေ။

ရင်ထဲမှာလည်းတအားခံစားရလို့ ခြေထောက်တွေတောင်တုန်လို့နေသည်။

တကယ်လို့ အဘွားအိုမှာသာ နှလုံးရောဂါရှိရင် ဒုက္ခရောက်နေပြီပင်။

ဒီလို လိမ်မာတဲ့ကလေးက ကမ္ဘာကြီးရဲ့အမြင်တွေကို တိမ်းစောင်းစေတဲ့ လူငယ်လေးအသွင် ပြောင်းသွားတယ်တဲ့လား။

နင်းမုန် အဲအချိန်တွေကြားဘာဖြစ်သွားလဲဆိုတာ တွေးဖို့ခက်ခဲလှသည်။ 

သူ့ယင်ယန်မျက်လုံးက တတ်နိုင်သမျှ မြန်မြန်ပွင့်မှ ဖြစ်မည်ပင်။

သူ့ကို မစောင့်ကြည့်နိုင်တဲ့အချိန်တွေဆိုတာ ရှိမှာပင်။ ပြီးရင် ရှီချီကို အကောက်ကြံမဲ့လူဆိုတာလည်း ရှိမှာပင်။ အဲခါကျ ရှီချုံက ယင်ယန်မျက်လုံးတွေရှိပြီး သူ့မှာ မရှိရင် သူ သေချာပေါက် ခွဲခြားခံရမှာပင်။

အဲဒါကလည်း ဝတ္ထုထဲမှာ ရှီချုံက သူ့ကို နာကျင်အောင်လုပ်နိုင်တဲ့အကြောင်းအရင်းပင်။

စနစ်က ပြောလိုက်သည်။ “သားအကြီးဆုံးကို လာခိုင်းလိုက်”

နင်းမုန်က။ “နင်သာမပြောရင် ငါမေ့တော့မလို့”

အဘွားအိုက ရှီမိသားစုရဲ့ အဓိကပဲ့ကိုင်ရှင်မဟုတ်ပေမဲ့ တူတူပဲလို့တော့ သတ်မှတ်လို့ရသည်။  အထူးသဖြင့် ရှီရှန်းကျင်းက သူမ စကားကိုနားထောင်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Opowieści tętniące życiem. Odkryj je teraz