Part 11

1.1K 170 0
                                    

Unicode

အခန်း ၁၁ အိုက်ယိုး ငါ့မြေးလေး

ရှီချီ သေချာမြင်လိုက်ရသည်။ 

သူတို့ အဆောက်အဦးကထွက်လာချိန်မှာပဲ ရာသီဥတုက နည်းနည်းပူနေတာကြောင့် အဘွားက သူ့လက်ကို လွှတ်လိုက်ပြီး နောက်မှာ ခြေလှမ်းနှစ်လှမ်းစာလောက်နောက်ကျ ကျန်နေခဲ့သည်။ 

ပြီးတော့ ဒီခြေလှမ်းနှစ်လှမ်းစာလောက် အကွာအဝေးကြောင့် အဘွားက နေရောင်ထဲ ရှိနေတာတောင် ရှီချီ သူမ ကိုယ်လေးမှုန်ဝါးဝါးဖြစ်နေတာကိုမြင်လိုက်ရတော့သည်။

ထိုအချိန် သူမ တစ်ကိုယ်လုံးက ဝါးနေပြီး သူ တီဗီထဲမှာ မြင်ဖူးသလို အပြောက်အကွက်လိုပုံစံမျိုး ဖြစ်လို့နေသည်။ 

ဒါပေမဲ့ လျင်မြန်စွာပင် သူ မျက်တောင်ခတ်လိုက်ချိန်မှာပဲ သူခုနကမြင်ထားသမျှက ထင်ယောင်ထင်မှား ဖြစ်နေသလို အကုန်လုံး သာမန်ပြန်ဖြစ်သွားတော့သည်။

နင်မုန့် သူ အတွေးနက်နေတာ မြင်လိုက်ရသည်။ သူ့ကိုခေါ်တာတောင် အသိဝင်မလာခဲ့ သူမလည်း မနေနိုင်တော့ဘဲ စနစ်ကို။ “အဲကြွက်ပေါက်လေး ဘာဖြစ်နေတာလဲ သူရူးသွားတာတော့ မဟုတ်ဘူးမလား”

စနစ်က ပြန်ဖြေသည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း.. သူရူးသွားရင် ဒီကမ္ဘာကြီးက ပြိုလဲသွားမှာလေ။ သူက ဒီတိုင်း ကလေးတစ်ယောက်ပဲကို ငိုင်နေတာ သာမန်ပါပဲ”

စနစ်ပြောတာကြားတော့ နင်မုန့်လည်း ပြန်တွေးကြည့်မိလိုက်သည်။

ရှီချီက ဒီကမ္ဘာမှာ အဓိက ဇာတ်ဆောင်ပင် ဆိုတော့ ဒီကမ္ဘာကြီးတစ်ခုလုံးက သူ့ကို ဦးတည်ပြီးလည်ပတ်နေတာ တကယ်လို့ သူသာရူးသွားရင် ဒီကမ္ဘာကြီးကလည်း သံသယမရှိ ပြိုလဲသွားမှာပင်

ရှီချီက သူမရှေ့မှာတင် ရုတ်တရက် မျက်လုံးတွေ ပွတ်လာတော့သည်။ တအားကို ပြင်းပြင်းထန်ထန်နဲ့လေ

နင်မုန့် သူ့ကိုဆွဲကာ မေးလိုက်သည်။ “မျက်လုံးမနာအောင် ဂရုစိုက်”

တကယ်လို့ ကောင်မလေးတစ်ယောက်သာ ဒီလိုလုပ်ရင် သူမက သေချာပေါက် ချစ်ဖို့ကောင်းပြီး လှနေမှာပင်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now