Part 74

470 50 2
                                    

အပိုင်း (၇၄)

သူက မယုံမည်ကို စိုးရိမ်သောကြောင့် နင်မုန့်က ထပ်ခါတလဲလဲပြောလိုက်သေးသည်။

သူမက မသိသည်မှာ ဝမ်ထျန်းမင်က ထိုအချိန်တွင် စိတ်ထဲတွင် ဆက်တိုက် ကျိန်ဆဲချင်နေခြင်းဖြစ်သည်။

သူက ဘာကို ကြောက်ရမှာလဲ။

သူက အခုလေးတင် ဒီကျောင်းသူကျောင်းသားတွေကို သွန်သင်ပြသနေခဲ့သေးတာ မဟုတ်ဘူးလား။ ဘာလို့ အခြေအနေက ဒီလိုအထိ ပြောင်းလဲသွားတာလဲ။ ဒါက သူ့မျက်နှာကို ဖြတ်ရိုက်တာနဲ့ တူမနေဘူးလား။

နင်မုန့်ကိုယ်တိုင်ကလည်း မသေချာချေ။

သူမက ယခုလေးတင် ဒါရိုက်တာ၏ နောက်တွင် အရိပ်တစ်ရပ်ကို မြင်ခဲ့ရသည်။ သို့သော် ဒါက လူလား၊ သရဲလား မကွဲပြားနိုင်ချေ။ ထိုအရိပ်က ဖြတ်ခနဲလိုလို လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး ချက်ချင်းလိုလို ပျောက်ကွယ်သွားခဲ့သည်။

ဝမ်ကျန်းမင်က သူမကို ကြည့်ပြီးနောက် ထိုမိန်းကလေး၏ ခြောက်လှန့်မှုကို မခံသင့်ကြောင့် ခံစားလိုက်ရကာ ချောင်းနှစ်ကြိမ်ခန့် ဟန့်ပြီးနောက် နောက်ကို တည်ငြိမ်စွာ လှည့်ကြည့်လိုက်သည်။

"အဲ့ဒီသူက ဘယ်မှာလဲ"

သူ၏ စကားသံထွက်လာသည်နှင့် အေးစက်သော လေက ဖြတ်တိုက်လာသည်။ သူက သတိလက်လွတ်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် အဝတ်လဲခန်းထဲသို့ ဝင်ရောက်သွားသည်။ အထဲက ပို၍လုံခြုံသည်ဟု ခံစားလိုက်ရသည်။

သူက လျှို့ဝှက်စွာဖြင့် ရှီချီကို ချောင်းကြည့်လိုက်ပြီးနောက် ရှီချီက တည်ငြိမ်နေကြောင်းမြင်လိုက်ပြီးနောက် သဘောကျသွားရသည်။ ထိုသို့ အမူအရာနှင့်တင် သူက အားကိုး၍ရကြောင်း သက်သေပြနေလေသည်။ စိုးရိမ်စရာမလိုအပ်လောက်ချေ။ သူက တံခါးသို့ တဖန်လျှောက်သွားပြီးနောက် ခေါင်းထုတ်လိုက်သည်။

ထိုအဝတ်လဲခန်းက အဆုံးနားတွင် ရှိသည်။ ညာဘက်ခြမ်းမှ တံခါးများက ယခုပိတ်ထားသော ရေကူးကန်ထံဦးတည်ပြီး အလယ်တွင် ဖန်သားငယ်လေးဖြင့် ကာထားလေရာ အခြားတစ်ဖက်မှ အမှောင်ထုကို မြင်နိုင်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now