Part 20

1.1K 149 1
                                    

Unicode

အခန်း ၂၀ 

သူအိပ်ရာထဲက လူက လူသားလား ဒါမှမဟုတ်....”

အဝါရောင် အစောင်စာရွက်က လျိုယွမ်ယွမ်၏ နှုတ်ခမ်းထိပ်တွင် ပျောက်ကွယ်သွားသည်။ 

သူသည် အစက ကျိမ်းမောင်းနေသော်ငြား သူမ အသံမထွက်နိုင်သည်ကို သိပြီးနောက် ထိပ်ထိပ်ပြာပြာ ဖြစ်သွားသည်။ ထိုသူက ထိုသူကို ဘာလုပ်လိုက်သနည်း။ အဝါရောင်စာရွက်က သူမကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်လော။ 

ရှီရှန်းကျင်းပေါ် သူမ အကြည့်က ချက်ခြင်းဆိုသလို သတိရှိကာ သူမသည် မြန်မြန်ဆန်ဆန်ပင် နောက်တစ်လှမ်း ဆုတ်လိုက်သ်ည။ 

သူမက အခန်းထဲကို အထိတ်တလန့်ဖြင့် ပြေးဝင်သွားကာ အဆောက်အဦးပုံစံကို အခုလေးတင် တွေ့သည့် ယန်ထျန်းရွှမ်ကို တိုက်မိသွားကာ 

“ဟေး မင်းဘာလုပ်နေတာလဲ။ တကယ်လို့ မင်းမှာ ဘာမှ လုပ်စရာ မရှိဘူးဆိုရင်တောင် ဘာလို့ အခန်းထဲ ပြေးဝင်လာတာလဲ။ ငါ အရေးကြီးတဲ့ ကိစ္စ လုပ်နေတာ လာမနှောက်ယှက်နဲံ"

လျိုယွမ်ယွမ်သည် တအီအီအသံဖြင့် ပြောကာ သူ့ပါးစပ်ကို လက်ညှိုးထိုးလိုက်သည်။ 

အဆုံးတွင်တော့ သူမ မထိန်းနိုင်ဘဲ မျက်ရည် ကျလာခဲ့သည်။ အစပိုင်းက သူမက မျက်နှာကောင်းကောင်း ရှိသည်။ ပြီးနောက် သာမန် မိန်းကလေးတစ်ယောက်၏ တိတ်ဆိတ်သည့် မျက်ရည်များက သနားကြင်နာစိတ် ဖြစ်စေသည်။ သို့သော် သူမ ပို ကြောက်လန့်လေလေ ပို အရုပ်ဆိုးလေလေ ဖြ်စနေသည်။ 

သို့သော် သူမ မထိန်းနိုင်ဘဲ နှာရည် ကျပြန်သည်။ 

ယန်ထျန်းရွှမ်က မျက်မှောင်ကြုံ့သွားသည်။ သူမ ဘာကို ပြောချင်မှန်း နားမလည်နိုင် ဖြစ်နေသည်။ 

သူနှင့် လျိုယွမ်ယွမ်သည် ကောလိပ်တုန်းက အတန်းဖော်များ ဖြစ်ခဲ့ပြီး အချစ်ဦးများ ဖြစ်ခဲ့သည်။ သို့သော် ဘွဲ့ရပြီးနောက် သူတို့သည် မတူညီသည့် နေရာများကို သွားသည့်အတွက် ကွဲကွာခဲ့ရသည်။ အဆုံးတွင် သူသည် တစ်ယောက်ယောက်နှင့် လက်ထပ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကံတရားကြောင့် သူတို့ ပြန်လည် နီးစပ်ခဲ့ကြခြင်း ဖြစ်သည်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now