Part 75

490 55 2
                                    

အပိုင်း (၇၅) ခေတ်နောက်ကျတဲ့ ကျေးလက်ဒေသက သရဲလေး

နင်မုန့်ကလည်း ဒါရိုက်တာက ပြောသော စကားတစ်ခွန်းကိုမျှ နားမလည်ချေ။ သူမက လက်မြှောက်ပြီး ပုတီးစေ့ကို ထိကိုင်ကြည့်သည့်အခါ အလွန်သက်သောင့်သက်သာ ရှိသလိုခံစားရသည်။ ပုတီးမှလာသော အပူဒဏ်ကို အထက်မှဖြန့်ကျက်ပေးလိုက်သလိုမျိုး တစ်ကိုယ်လုံး မြှုပ်နေသည့် အနွေးအိတ်တစ်ခုလို ဖြန့်ဝေပေးနိုင်သည်။

မူလက သူမ ရေကူးကန်ထဲသို့ ဝင်လာသောအချိန်က ခန္ဓာကိုယ်က အနည်းငယ် အေးစက်သလိုခံစားရသည်။ သို့သော် ယခုမူ ထိုခံစားချက်ကို မခံစားရတော့ချေ။ သို့သော် ပုတီးက ထိုသို့ လုပ်နိုင်စွမ်းအားရှိခြင်းကို မသေချာချေ။

သူမက သက်ပြင်းချနေချိန်တွင် ရှီချီ၏ အေးစက်သောအသံကို ကြားလိုက်ရသည်။

"ဒါရိုက်တာမှာ ပြောစရာများ မရှိတော့ဘူးလား"

နင်မုန့်ကလည်း အံ့အားတကြီး မော့ကြည့်လိုက်သည်။

သူ၏ စကား၏ အဓိပ္ပာယ်ကို သူမက နားမလည်ချေ။ သို့သော် ဝမ်ထျန်းမင်၏ မသက်မသာဖြစ်နေသော မျက်နှာကို မြင်ရကတည်းက ရှီချီ၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။

ထိုအခိုက် ဝမ်ထျန်းမင်က မေးခွန်းအမေးခံရသည့်အခါ သူ၏နှလုံးသားက တင်းကြပ်သွားသလို ခံစားလိုက်ရသည်။ သူက ထိုသို့ အမေးခံရမည်ကို ကြောက်နေသည့်အလားပင် ထင်ရသည်။

နင်မုန့်ကလည်း ထိုသို့သော မျက်နှာထားမျိုးကို မမြင်ချင်ဆုံးဖြစ်သည်။ လွန်ခဲ့သော အချိန်တစ်ခုအကြာက ရှီချီက ကလေးအရွယ်တွင် ဒီတက္ကသိုလ်မှ ရာထူးရှိတစ်စုံတစ်ယောက် ဖြစ်နေလောက်လေပြီ။ သို့သော် တစ်ဖက်သူက ယခုလိုကိစ္စမျိုးကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ ဒါက သူတို့အတွက် ကိစ္စများကို ရှာဖွေရာတွင် ခက်ခဲစေခဲ့သည်။

ဒါရိုက်တာကသာ ကြိုတင်ပြီး ယခင်တစ်ခေါက်တည်းက ပြောပြထားမည်ဆိုလျှင် ယခုလို အရှုပ်အထွေးဖြစ်စရာမရှိတော့ချေ။ ထို့အစား သူတို့ကသာ အချိန်ကုန်အားအင်ကုန်ဆုံံးအောင် ဖြုန်းတီးသလို ဖြစ်သွားသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now