Part 81

498 55 1
                                    

အခန်း (၈၁)

ရှီချီကလည်း ထိုသို့ဖြေလာမည်ဟု နင်မုန့်ကလည်း မမျှော်လင့်ထားမိချေ။

သူမက ရှီချီ၏ အမူအရာကို ဂရုတစိုက်စိုက်ကြည့်သည်။ သူက အလွန်လေးနက်နေဟန် ရပြီး ထိုသို့တကယ် လုပ်တော့မည်ဟုလည်း ထင်မှတ်ရသည်။ နင်မုန့်၏နှလုံးသားက ရုတ်တရက် အခုန်နှုန်း မြန်ဆန်သွားသည်။ သူက အမှန်အတိုင်း ပြောနေတာတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ် မဟုတ်လား။

သူက သူမကို ထိုသို့ချည်နှောင်ချင်ခဲ့သည်မှာ အချိန်အတန်ကြာပြီ ဆိုလျှင် သူမ ထွက်ပြေးရန်သာ ဆုံးဖြတ်ရတော့ပေမည်။

အဆိုးဆုံးမှ အဆိုးဆုံးဖြစ်လာလျှင် သူမ ထိုသဏ္ဌာန်မဲ့သော ပုံစံတွင်သာ နှစ်နည်းနည်း ပိုနေလိုက်ပြီး စနစ်၏ အကူအညီဖြင့် အချိန်အတန်ကြာမှသာ ဘဝတစ်ခုကို စလိုက်တော့ပေမည်။ ထိုသို့ဆိုလျှင် လက်ရှိအခြေအနေကို မည်သူမှ မမှတ်မိလောက်တော့ချေ။ ဖြစ်နိုင်သည်မှာ ထိုအချိန်ကျလျှင် ရှီချီက လူအိုကြီးတစ်ယောက် ဖြစ်သွားလောက်လေပြီ။

ထိုသို့တွေးမိစဉ် သူမကို ရယ်မိစေသည်။ ချက်ချင်းလိုလို ပါးစပ်ကို ပြန်အုပ်လိုက်သည်။

အာ.. ထပ်ပြီး ပေါ်သွားတော့မလို့။

ရှီချီက သူမကို စိတ်ဝင်တစား ကြည့်သည်။

"မင်းက ဘာတွေတွေးနေတာလဲ။ ဒါမှမဟုတ် ဘယ်လို ထွက်သွားရမလဲ ဆိုတာကို တွေးနေပြန်တာလား"

သူက နောက်ဆုံးစကားကို ထည့်ပြောသောအခါ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပေသည်။

နင်မုန့်က ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူမ၏နှလုံးသားကပင် အေးစက်သွားသည်။

"မဟုတ်ဘူး မဟုတ်ဘူး။ ငါ့မှာ အဲဒီလို အတွေးမျိုး မရှိပါဘူး"

သူမက ချက်ချင်း ခေါင်းခါပြီး ငြင်းသည်။ ပြီးနောက် ဖားယားသော အပြုံးမျိုးကိုလည်း ပြုံးလိုက်သေးသည်။

"ငါ ဘာလို့ ထွက်သွားရမှာလဲ။ မသွားပါဘူး"

ရှီချီက နှာခေါင်းရှုံ့သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now