Part 3

1.6K 165 3
                                    

Unicode

အခန်း ၃။ ယင်ယန်မျက်လုံး

သူက လိုက်လျောလိုက်တာကြောင့် နင်းမုန် စိတ်သက်သာရာရသွားသည်။

သူမ ကြောက်မိတာက ဝတ္တုက နောက်ဆုံးမှာ တခြားမမြင်ရတဲ့ အားတခုခုကြောင့် ပြင်လို့မရတော့မှာကိုပဲ ကံကောင်းစွာပဲ စနစ်က နည်းနည်းအားနည်းနေပေမဲ့ ဘာမှ မဖြစ်သွားလို့ တော်သေးသည်။

ဒီပြသာနာဖြေရှင်းပြီးသွားတာနဲ့ သူမ ရင်ဘတ်ပေါ် ရောက်နေတဲ့ ဖိအားကြီး ပျောက်သွားခဲ့တယ် အဘွားကြီး ခန္တာကိုယ် ဖြည်းဖြည်းချင်းသက်သာ လာခဲ့သည်။

နောက်ပိုင်းမှာ နင်းမုန်ဟာ ညီအစ်မ နှစ်ယောက်ရဲ့ တိုက်တွန်းမှုတွေကြောင့် အိပ်ယာပေါ်မှာပဲ တနေကုန် လဲနေရတော့တယ် ပြီးတော့ သူမရဲ့ အမြင်ဟာ လဲ ပြန်ကောင်းလာတာ နောက်ဆုံးတော့ တွေ့ရှိသွားသည်။

မျက်လုံးကို ပဝါပါးတစ်ခုနဲ့ ကာထားသလိုတော့ ဖြစ်နေပေမဲ့  အခန်းတခုလုံးက နွေးထွေးတဲ့ အဝါရောင်အအလင်းရောင် ဖျော့ဖျော့လေး လွှမ်းခြုံထားတယ်။ အလင်းရောင်က အရမ်းကြီးလဲ တောက်ပ မနေသလို မျက်လုံံးကိုလဲ မစူးစေဘူး အဲဒီ့အစား စိတ်သက်သာ သလိုခံစားရစေတယ်။

စနစ်ကသရဲလိုပဲ ဘွားခနဲ့ ပေါ်လာပြီး “ ဒီဟာက  ကျူရဲ့အင်းကွက်ပဲ နင် လူဝင်စားပြီးတဲ့နောက်မှာ နင်က ယင်ယန်မျက်လုံးကို ပိုင်ဆိုင်လာတာပဲ”

“ယင်ယန်မျက်လုံး” လို့ပြောပြီး နင်မုန် လန့်သွားတယ် “ဒါဆို ငါ သရဲ၊တစ္ဆေတွေ မြင်လာရတော့မှာလား” လို့ ထပ်မေးပြန်တယ်။

သူမ လန့်သွားလို့ စနစ်လဲ လန့်သွားပြီး “ ဟုတ်… ဟုတ်တယ်။ ဒါပေမဲ့ မင်း သူတို့ကို ရှီမိသားစုအိမ်မှာတော့ မြင်ရမှာမဟုတ်ဘူး။ ပြီးတော့လဲ သက်ကြီးရွယ်အိုတွေရဲ့ မျက်လုံးကလဲ ကောင်းတာ မဟုတ်တော့  ယင်ယန်မျက်လုံးက သရဲ၊တစ္ဆေတွေကို ဝေဝေဝါးဝါးပဲ မြင်ရမှာ”

နင်မုန် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်

ကံကောင်းလို့ပေါ့ သရဲ၊တစ္ဆေတွေကို HDလို ကြည်တောက်ပြီး မမြင်ရလို့ နို့မို့ဆို သူမ လန့်ပြီးသေရလိမ့်မယ်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now