Part 78

449 52 1
                                    

အပိုင်း (၇၈) ကိုယ် တကယ် မင်းရဲ့နာမည်အရင်းကို သိချင်တယ်

နင်မုန့်က ရှီချီနှင့်အတူ သူမ၏သွားအကြောင်း ဆက်ပြီး မဆွေးနွေးချင်ခဲ့ချေ။

ဒါက သူမရဲ့ ပုံရိပ်ကို အများကြီး ထခိုက်တယ်။ ဟုတ်ပြီလား။

ကုမြောင်မြောင်ပင်မဆိုထားဘိ တစ်ဖက်သရဲကပင် သူမစကားပြောချိန်တိုင်း လေတိုးကြောင်း သိသွားကြသည်။

အနာဂတ်တွင် ရှီချီက ထိုအကြောင်းကို ပြောသောအခါ သူမက သူ့ကို သေချာပေါက် လျစ်လျူရှုရပေမည်။ သူတစ်ယောက်တည်း မည်မျှကြာကြာ စကားပြောနိူင်မည်ဖြစ်ကြောင်း စောင့်ကြည့်ရဦးမည်။

သိပ်မဝေး‌သောနေရာမှ ကုမြောင်မြောင်ကလည်း သူမ ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ကာစဖြစ်သောကြောင့် ကျင့်သားမရသေးကြောင်း သိလိုက်သည်။

ဝမ်ထျန်းမင်က ဘေးဘက်မှ ပြောလာသည်။

"လုရွှယ် မင်းက သေသွားပြီလေ၊ ဘာလို့ဒီနေရာက ကျောင်းသူကျောင်းသားတွေကို ဒုက္ခပေးနေရတာလဲ၊ မင်းက ဆရာမတစ်ယောက်၊ ဒီလိုမလုပ်သင့်ဘူး၊ သူတို့အားလုံးက မင်းရဲ့ ကျောင်းသူကျောင်းသားတွေပဲ၊ မင်းက စံပြပုံစံဖြစ်သင့်တာ"

ဆိုတော့ ကုမြောင်‌မြောင်ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးထားတဲ့သူက လုရွှယ်လို့ ခေါ်တာကိုး။

သူ၏ စကားကို ကြားသောအခါ လုရွှယ်၏ မျက်လုံးက ပြူးသွားသည်။

"ဒါပေမယ့် ... သရဲဖြစ်ရတဲ့ဘဝက လူသားတစ်ယောက်လို သက်သောင့်သက်သာ မရှိဘူး၊ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ၊ ငါ လူတွေအားလုံးရဲ့ရှေ့မှာ ပေါ်လာချင်ခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ"

သူမက ဒီနေရာတွင် နှစ်နှစ်ဆယ်ပင် ပိတ်မိနေခဲ့ပြီး ထိုလူတစ်ယောက်တည်းကသာ သူမကို ဂရုစိုက်ခဲ့ပြီး နေ့တိုင်းလိုလို စကားလာပြောခဲ့သည်။ ယခု သူမ နောက်ဆုံးတွင် အောင်မြင်သွားခဲ့လေပြီ။

သူမက လက်ရှိ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နေပြီး လောက၏အရှေ့တွင် တရားဝင်ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာနိုင်လေပြီ။ လုရွှယ်က လက်ရှိ လူမှုအသိုင်းအဝိုင်းနှင့်ပတ်သတ်ပြီး အလွန်မျှော်လင့်စောင့်စားနေမိသည်။ သူမက သူနှင့်အတူ နေထိုင်သွားပြီး ပျော်ရွှင်သောဘဝ၊ တောက်ပသောဘဝကို ပိုင်ဆိုင်ရပေလိမ့်မည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Donde viven las historias. Descúbrelo ahora