Part 63

686 81 1
                                    

အပိုင်း (၆၃) မင်းက ဘာမေးချင်တာလဲ

ဆုဟွေးဟွေးက ပြောခဲ့သည့်အတိုင်း ဖြစ်သည်။ ကုနန်ချန်၏ မျက်နှာအသားအရောင်က မကောင်းချေ။ သူမက မကြာခဏ အားနည်းပြီး ဖျော့တော့သည့် သွင်ပြင်ကို ဆောင်တတ်သည့်တိုင်အောင် လက်ရှိအချိန်တွင် သူမ၏ မျက်နှာက သေလုနီးပါး ဖြူဖျော့နေခြင်း ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် မျက်လုံးအောက်ရှိ မျက်ကွင်းကြီးများက အလွန်သိသာလွန်းသည်။

နင်မုန့်ကို မြင်သောအခါ ကုနန်ချန်က ပါးစပ်ဖွင့်လိုက်ပြီး တစ်စုံတစ်ရာ ပြောလိုသော်လည်း အဆုံးတွင် မျက်မှောင်အနည်းငယ်ကြုံ့ပြီး ငိုတော့မလို ဖြစ်သွားသည်။

နင်မုန့်က တစ်ချက်ပင် မကြည့်ဘဲ ခပ်ဝေးဝေးသို့ လျှောက်သွားသည်။

မည်သို့ပင်ဆိုစေ ထိုကိစ္စက သူမနှင့် မပတ်သတ်ချေ။ ထို့ကြောင့် သူမ ဂရုစိုက်စရာ မလိုချေ။ ကုနန်ချန်က ကိစ္စများကို ဆိုးရွားစွာ လုပ်ခဲ့ပြီးသည့်နောက် သရဲနှင့်တွေ့ခဲ့ပြီး ကိုယ့်ကံကိုယ်ပြန်ခံရလျှင်လည်း သူမက ထူးထူးခြားခြား မတွေးပေးနိုင်ချေ။

ရှီချီက ဒီကိစ္စကို ကိုင်တွယ်ပေးတာပဲဖြစ်လောက်တယ်။

ဟွန့် ဘယ်လောက်တောင် သဘောကျစရာကောင်းလဲ။

"မန်နင် "

ကုနန်ချန်က ခပ်တိုးတိုးပြောသည်။

သူမကို အနည်းငယ်တောင် မေးမြန်းခြင်းမရှိဘဲ ဖြတ်လျှောက်သွားကြောင်းကို မြင်သောအခါ ကုနန်ချန်က မနေနိုင်ဘဲအော်လိုက်သည်။

"မန်နင် နင် ပြောင်းလဲသွားပြီ"

သူမက အရင်ကနဲ့ မတူတော့ဘူး။

အရင်က မန်နင်က သူမကို ဂရုအစိုက်ဆုံးပဲ။ သူမရဲ့ အခြေအနေကောင်းလား။ ကျန်းမာရေးကောင်းလား။ အမြဲတမ်း မေးမြန်းနေတတ်တာ။ ဟိုကိစ္စ ဒီကိစ္စတွေမှာတောင် ကူညီပေးတတ်သေးတယ်။ ဒါပေမယ့် အခု မျက်လုံးထဲက စိတ်မရှည်တဲ့ အကြည့်ကို ကြည့်စမ်းပါဦး။ တမင်သက်သက်ကို ရှောင်ချင်နေတာ သိသာနေတာပဲ။

မန်နင်က အနောက်မှ သူမ၏ အသံကို ကြားသောအခါ သူမသာ မပြောင်းလဲလျှင် တစ်ဖက်လူ စားသောကြောင့် သေလောက်ပြီဟု တွေးလိုက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now