Part 8

1.2K 169 0
                                    

Unicode

အခန်း ၈။ မတော်တဆ သေဆုံးမှု

စားပွဲပေါ်က အဖြူရောင်စာရွက်မှာ သူတို့ လက်ရေးတွေနဲ့ စာတွေရေးလို့ထားသည်။

အာရပ်နံပါတ်တွေ တချို့ အသေးစိတ်ရေးထားတဲ့ အမျိုးမျိုးသောစကားတွေနဲ့ အရေးကြီးဆုံးစကားကတော့ ယောကျာ်းလားမိန်းမလား။ သို့မဟုတ် ဟုတ်လား မဟုတ်လား ဆိုလေသည်။

သုံးယောက်သား ဘောပင်ကို တူတူကိုင်ထားကြသည်။

လေးယောက်သားက စာရွက်ကို ရင်တုန်စွာ ကြည့်လို့နေသည်။ ဟွမ်လီလို့ခေါ်တဲ့ တစ်ယောက်က ဂိမ်းကို အဆော့ချင်ဆုံးပင်။ ဒီတစ်ခါလည်း  သူမကပဲ​ ဂိမ်းဆော့ဖို့ အကြံပြုလေသည်။

တခြားနှစ်ယောက်ဖြစ်တဲ့ တုလီနဲ့ စုရွှဲက ဘာမှလုပ်စရာမရှိလို့ ဝင်ဆော့ကြလေသည်။ ဂိမ်းအကြောင်းကြားပြီး စိတ်လှုပ်ရှားစရာ ရှာနေတာနဲ့ ပါကြတာဖြစ်ပြီး သူတို့က သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်ပေ။

တုလီက သမ်းကာ “ဒီဂိမ်းက အလကားလျှောက်ပြောနေတာနေမှာ…”

သူမပြောလို့တောင် မဆုံးသေး သူမ လက်ထဲက ဘောပင်က ရုတ်တရက် ရွေ့လာသလို လူသုံးယောက်လက်ကိုသယ်ပြီး စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။

“အဲဒါ…အဲဒါ…အဲဒါ” စုရွှဲက အ ထစ် အ ထစ် နဲ့ပြောလာခဲ့သည်။

စုချင်းချင်းကလည်း ကြောက်လန့်ပြီး ထအော်တော့သည်။

ဒါပေမဲ့ ဟွမ်လီကတော့ စိတ်လှုပ်ရှားနေသလို သူမကိုဆူတော့သည်။ “ကလောင်နတ်သမီး ရောက်လာပြီ မအော်နဲ့!”

တုန်ယင်နေတဲ့ လေသံနဲ့ သူမ စိတ်ကိုတောင် သေချာ မထိန်းနိုင်တော့ဘဲ “ကလောင်နတ်သမီး ကလောင်နတ်သမီး ကျွန်မ ဒီတစ်ခါ အလုပ်သင်အောင်မှာလား”

ကျောင်းက ဘွဲ့ရပြီး အလုပ်ရှာဖို့အတွက် အလုပ်သင်ကာလတစ်ခု စီစဉ်ပေးထားသည်။  သူမက အလုပ်အများကြီး ပြောင်းထားရပြီးတော့ အကြာကြီး မခံဘဲ ထွက်ရတာ များသည်။

တောက်ပတဲ့ အနီရောင်ဘောပင်လေးက မရွေ့ပေ။

တုလီက မနေနိုင်ဘဲ “သေချာတယ် နင်တို့နှစ်ယောက်ထဲကတစ်ယောက် ဘောပင်ကို ရွှေ့ပစ်တာပဲနေမှာ ကလောင်နတ်သမီးက အလကား လျှောက်လိမ်နေတာ”

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now