Part 60.2

530 60 1
                                    

အပိုင်း (၆၀.၂) ကာကွယ်ပေးခံရခြင်း(၂)

သူမ၏ အနောက်မှ ကောင်မလေးက ကျောကို လာတို့သဖြင့် သူမက ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။ သို့သော် အနောက်မှ ကောင်မလေးက သူမ၏ ပန်းတိုင်မပြည့်မချင်း မရပ်တန့်ဘဲနေမည်ဟု မထင်ထားမိချေ။

ထို့နောက် သူမ၏ အနားသို့ ကပ်လာပြီးနောက် လေသံကို တိုးကာ ပြောလာသည်။

"မန်နင် နင့်မှာ အစားထိုးဆရာရဲ့ ဖုန်းနံပါတ်ရှိလား"

နှိပ်ခလုတ် ဘောပင်အဖုံးဖြင့် ထပ်ခါတလဲလဲ အထိုးခံရပြီးနောက် နင်မုန့်က ခေါင်းကိုလှည့်ကြည့်ပြီး စိုက်ကြည့်လိုက်သည်။

"မရှိဘူး"

ထိုမိန်းကလေး၏ နာမည်က ဆုဟွေးဟွေးဖြစ်ကြောင်း သူမသိသည်။ ယခင်က သူမနှင့် သက်တူရွယ်တူများတွင်လည်း ဆက်ဆံရေးကောင်းရှိနေသည်။ ထို့အပြင် အပြစ်မြင်တတ်လွန်းသော စရိုက်လည်း ရှိသည်။

ဆုဟွေးဟွေးက သူမ၏ ကျောကို စိုက်ကြည့်ပြီးနောက် ဘောပင်အဖုံးဖြင့် ထိုးပြန်သည်။

"နင့်မှာ သေချာပေါက်ရှိပါတယ်၊ နင် ဆရာ့ကို မှတ်မိတာ၊ မန်နင် အဲ့လိုမလုပ်ပါနဲ့၊ နင် ကုနန်ချန်ကို ကြိုက်တာမဟုတ်လား၊ နင်က လိင်တူချစ်ကြိုက်သူ မဟုတ်လား"

ရှီချီက စင်မြင့်နှင့် အနည်းငယ်ဝေးနေသည့်အခွင့်အ‌ရေးကို ယူပြီး နင်မုန့်က ခေါင်းကို အနောက်သို့ လှည့်လိုက်ကာ မေးလိုက်သည်။

"ငါ အရင်ကပဲ သူမကို ကြိုက်တာ၊ နောက်ပြီး ဘာမှလည်း မလုပ်ခဲ့ဘူး၊ ဘာလို့ နင်တို့ အားလုံး ငါ့ကို ဒီလောက်ထိ မုန်းနေကြတာလဲ"

သူမက အလွန်သိချင်နေခြင်း ဖြစ်သည်။

ကုနန်ချန်က သူတို့ကို ဘာပြောလိုက်လို့ ဌာနတစ်ခုလုံးက ဒီလိုပြုမူပြနေတာလဲ။

ဆုဟွေးဟွေးက သူမကို သံသယအကြည့်ဖြင့် ကြည့်လာပြီး လက်ရှိအခြေအနေကို စဉ်းစားဆင်ခြင်နေဟန်ရသည်။ တခဏခန့်ကြာပြီးနောက် သူမက အနားရှိကောင်မလေးနှင့် အကြည့်ချင်းဖလှယ်ကာ သဘောတူညီမှုယူပြီးသလိုမျိုး တစ်ယောက်ချင်းစီ၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုကို သိလိုက်ကြသည်။ သူမက ခံစားချက်ကို ထိန်းချုပ်ကာ ညင်သာစွာ မေးသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now