Part 33

1K 143 1
                                    

Unicode
အပိုင်း (၃၃) ဘယ်မိသားစုက သရဲကသူမကို လာခြောက်နေတာလဲ။

ထိုနေ့လည်ခင်း နောက်ဆုံးအတန်းချိန်တွင် အရိပ်ပြစက်အဖွဲ့က ကျောင်းသို့ ရောက်လာခဲ့သည်။

တိုက်ဆိုင်စွာဖြင့် ကိုယ်ပိုင်စာလုပ်ချိန် ပေးထားသည့် အချိန်တွင် စောင့်ကြည့်နေသော ဆရာဆရာမများ ရှိနေခဲ့သည်။ နင်မုန့်က ပြတင်းပေါက်နားတွင်  ထိုင်သည်။ ရှီချီဟာ သူမနှင့်ပြတင်းကြားတွင် တစ်ခုံသာ ခြားသော်လည်း သူမက ထင်ထင်ရှားရှား မြင်နိုင်နေသေးသည်။ သို့သော် ရှီချီ အာရုံကို မဆွဲဆောင်မိရန်အတွက် မျက်ဝန်းထောင့်ကသာ လျှို့ဝှက်စွာ ကြည့်နေလိုက်သည်။

တတိယနှစ် အခန်းနံပါတ်တစ်က ပထမထပ်တွင် ရှိနေကတည်းက သူမအနေဖြင့် ထင်ရှားစွာ ပို၍မြင်နိုင်လေသည်။

နင်မုန့်က လူအိုကြီးငါးယောက် အတူတကွ ရပ်နေကြောင်းကို မြင်လိုက်ရသည်။ တစ်ယောက်က ခါးပင်ကိုင်းနေပြီး မုတ်ဆိတ်ဖြူကြီးပဲ ရှိနေသည်။

ထိုလူ၏ အနောက်တွင်မူ ၁၅ ၁၆ခန့်အရွယ်ရှိပြီး အလွန်ငယ်ရွယ်သည့် ကောင်လေးတစ်ယောက် ပါသည်။ သို့ရာတွင် သူ၏မျက်လုံးအောက်မှ အနက်ရောင် လေအိတ်များက အလွန်နက်ရှိုင်းလွန်းနေရာ အိပ်ရေးပျက်ထားသည်မှာ ကြာနေပြီ ဖြစ်ကြောင်း သိနိုင်လေသည်။ ပြတင်းပေါက်နားတွင် ထိုင်သော ကျောင်းသူကျောင်းသား အများစုကလည်း ဒီအခြေအနေကို မြင်ပြီးခပ်တိုးတိုး ဆွေးနွေးနေကြသည်။

“ဒါက ပြဇာက်အဖွဲ့သားတွေလား သူတို့အားလုံးက တော်တော်အသက်ကြီးနေကြပြီဘဲ သူတို့မှာ ဆက်ခံသူတွေ မရှိကြဘူးလား”

“ဒီလို အရိပ်ပြဇာတ်မျိုးကို ဘယ်သူကကြည့်ချင်မှာလဲ ယဉ်ကျေးမှုအမွေအနှစ် အတွက်သာ ရွေးချယ်ထားတာ မဟုတ်ရင် ဘယ်သူကမှ ဆက်မလုပ်ချင်လောက်ဘူး”

“မင်း ဒီလိုပြောမှဘဲ ဝမ်းနည်းစရာကောင်းသွားသလိုဘဲ ဘာပဲဖြစ်ဖြစ် ဒါက အနုပညာဘဲလေ ငါ အိမ်ကိုပြန်ပြီး အဘွားကို မေးကြည့်တုန်းက ငယ်ငယ်တုန်းကဆိုရင် အရိပ်ပြဇာတ်တွေ ကြည့်ရတာကို အကြိုက်ဆုံးလို့ ပြောခဲ့တယ် ဒါက ပျော်စရာ အကောင်းဆုံးတဲ့”

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now