Part 50.3

646 94 0
                                    

အပိုင်း(50.3)

တစ္ဆေ သို့မဟုတ် သရဲကိုချိတ်ပိတ်ခဲ့သော ကျွမ်းကျင်ပညာရှင်ကြောင့်သာမဟုတ်လျှင် အနာဂတ်တွင် မည်သို့သောအခြေအနေများ ဖြစ်လာမည်ကို မည်သူမှမသိနိုင်လောက်ချေ။ ရှီချီ က ရုတ်တရက်ပြောသည်။

"ဒီကိစ္စဖြစ်မလာခင်မှာ ပြည့်မှီအောင်လုပ်ရမဲ့ အခြေအနေတွေ လိုအပ်တယ်။ မဟုတ်ရင် ဒါကိုပုံမှန်အားဖြင့် မမြင်နိုင်လောက်ဘူး။ ကံဆိုးစွာနဲ့ ငါက ဒီကိစ္စရဲ့ အရင်းအမြစ်ကို ရှာမတွေ့နိုင်ခဲ့ဘူး"

ထိုကိစ္စ၏အရင်းအမြစ်ကို ရှာမတွေ့ခဲ့သည့်တိုင်အောင် သူတို့က ဆက်လက်ရှင်သန်နိုင်ခဲ့ပြီး သူတို့ထဲကတစ်ယောက်ကမှ ဒုက္ခမရောက်ခဲ့ချေ။

နင်မုန့်က ရုတ်တရက် သူမ၏မြေးဖြစ်သူက သူမကဲ့သို့ ပထမပိုင်းပင်ကျော်အောင် မရှင်သန်နိုင်ခဲ့သော အရံဇာတ်ကောင်က ဖက်ရမည့် ပေါင်လုံးကြီးဖြစ်သည်ဟု ခံစားလိုက်ရသည်။

"ဒါပေမဲ့ အဲ့ဒီမှာ ယင်စွမ်းအင်က တအားသိပ်သည်းလွန်းတယ်။ လူတွေက အဲ့ဒီမှာ အကြာကြီးမနေသင့်ဘူး"

ရှီချီ က ပေါ့ပါးစွာ ထပ်ဖြည့်ပြောသည်။

နင်မုန့် ကလည်း ထိုအခါမှသာ ထိုအချိန်က မည့်သည့်အတွက်ကြောင့် အလွန်အေးစက်သည်ဟု ခံစားနေရကြောင်း သိလိုက်သည်။

သို့ရာတွင် ကိစ္စက ဖြေရှင်းပြီးပြီဖြစ်ပြီး သူမအနေဖြင့်လည်း ထိုကိစ္စနှင့် သက်ဆိုင်စရာအကြောင်း၊ ပတ်သတ်စရာအကြောင်း မရှိတော့ချေ။ နောက်ဆုံးတွင် သူမ၏စိုးရိမ်မှုများ အားလုံးက ခေါင်းထဲသို့ ပြန်ရောက်သွားသည်။

ထို့နောက် သူမကို ကျောင်းဂိတ်ပေါက်ထံသို့ ပြန်ပို့ပေးသည်။

...

ရွာမှပြန်လာပြီးကတည်းက မသိလိုက်မသိဘာသာပင် မည်သည့်ထူးခြားမှုမှ ဖြစ်မသွားခဲ့ဘဲ နှစ်လတာက ကုန်လွန်သွားသည်။

ဖိနှိပ်ခံထားရသော တစ္ဆေကိစ္စက ပျောက်ကွယ်သွားသည်မှာ နင်မုန့်ကလည်း ဓါးမြောင်ကို ယူခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ သူမက ထိုဓါးမြောင်ကို အမြဲတစေ သူမနှင့်အတူဆောင်ထားလေ့ရှိပြီး သူမရဲ့အဝတ်အောက်တွင် အနည်းနဲ့အများ ဖုံးကွယ်ထားနိုင်ခဲ့သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now