Part 106

226 22 0
                                    

106 01

အပိုင်း (၁၀၆) လီချွမ်

ရှီချီက မလှုပ်ရှားတော့ဘဲ ရပ်တန့်လိုက်သည်အထိ နင်မုန့်က အသိပြန်မဝင်သေးချေ။

သူမက မြေပြင်ပေါ်မှ ထိုအရိုးများအပေါ်သို့ အမှုန့်များကိုလည်း လိုက်ဖြူးပြီးနောက် အရိုးများက မီးထတောက်လာကာ ဆိုးရွားသော အနံ့မျိုးကို လွှတ်ထုတ်လာပြီး ထိုနေရာတစ်ခုလုံးကို အနံ့ဆိုးဖြင့် ပြည့်နှက်သွားစေကာ လူများကို အန်ချင်စိတ် ပြင်းထန်လာစေသည်။

နင်မုန့်ကမူ ထိုလူတစ်ယောက်၏ ခေါင်းထဲတွင် ပိုးကောင်များစွာ ရှိနေကြောင်း တွေးမိရုံဖြင့်ပင် အန်ချင်နေလေပြီ။

ရှီချီက အိမ်ထဲသို့ ပြန်လာသောအခါ လက်အိတ်ကို ချွတ်လိုက်ပြီးသား ဖြစ်သည်။ သူမက အလွန် မသက်မသာ ဖြစ်နေကြောင်းကို မြင်သောအခါ သူက နားလည်မှုရှိစွာဖြင့် သူမ၏ အနားသို့ မချဉ်းကပ်လာခဲ့ဘဲ ပြောသည်။

"ပြန်သွားပြီး နားလိုက်တော့"

သို့ရာတွင် မြွေပါလေးကမူ ခြံထဲသို့ အပြေးသွားပြီး မီးလောင်နေသော အရိုးများ၏ ပတ်ပတ်လည်ကို လျှောက်ပြေးနေသည်။

မကြာခဏဆိုသလို မီးတောက်ထဲမှ ကွဲအက်သံ ကဲ့သို့သော အသံမျိုးက ထွက်လာသေးပြီး လောင်ကျွမ်းခံနေရသည့် အနံ့နဲ့တင် ထူးဆန်းသော အသံများက ဆက်တိုက်ထွက်ပေါ်လာသည်။

နင်မုန့်က ရှီချီကို ကြည့်သည်။

"အဲဒါက ဘာလဲ နင်သိလား"

ရှီချီ၏ မျက်လုံးက နူးညံ့သွားသည်။

"အများကြီး မစိုးရိမ်ပါနဲ့ ပြန်ပြီး နားလိုက်ပါ ကောင်းကင်က မှောင်နေပြီ ကိုယ် ဒီည အိပ်မှာ မဟုတ်ဘူး"

မေးခွန်းနောက်ပိုင်း သူပြောဖူးသမျှ ထဲတွင် အရှည်ဆုံးစကားပင် ဖြစ်လောက်သည်။

"ဒါဆိုရင် နင်ဘယ်နေရာကိုသွားမှာလဲ"

နင်မုန့်က မေးသည်။

ရှီချီက သူမကို အဓိပ္ပာယ်အကြည့်ဖြင့် ကြည့်သည်။

"မင်းက ကိုယ်နဲ့ ဒီနေရာမှာ နေချင်လို့လား"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now