Part 91

418 51 3
                                    

အပိုင်း ၉၁ ရှီချီက မပျော်တော့ဘူး။

သူမကို ဦးဆောင် ခေါ်လာပေးသော မိန်းကလေးက တံခါးအပြင်ဘက်တွင်သာ ရပ်နေပြီး အထဲသို့ ဝင်မလာခဲ့ဘဲ သူမကိုသာ ပြုံးလျက်သား ကြည့်နေသည်။

နင်မုန့်က တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ ဝင်လိုက်သည်။ ချက်ချင်းလိုလို သူမ၏ မျက်လုံးထဲ ဝင်လာသည်မှာ နံရံပေါ်တွင်လျက် ချိတ်ဆွဲထားသော မင်္ဂလာဆောင် ဝတ်စုံ ဖြစ်သည်။ တစ်ထည်လုံးက ဖြူဆွတ်နေပြီး မျက်စိကြိမ်းမတက် ရှင်းရှင်းလင်းလင်း အလှဆင်ထားသည်။ သူမက တိတ်တဆိတ် အခန်းထဲမှ ထွက်ပြီး မေးလိုက်သည်။

"ငါ အခန်းမှား ဝင်တာလား"

ထိုနေရာတွင် ရပ်နေသေးသော မိန်းကလေးက ယဉ်ကျေးစွာ ဖြေသည်။

"မိန်းကလေးနင် ဒါက မိန်းကလေးရဲ့ အဝတ်လဲခန်းပါ။ အထဲဝင်ပြီး ဝတ်ကြည့်လိုက်ပါ။ အရွယ်အစားက မတော်ရင် ကျွန်မတို့ လဲပေးနိုင်ပါတယ်"

နင်မုန့်က တံတွေးမျိုချသည်။

"ဒါက မင်္ဂလာဝတ်စုံတွေေ ရောင်းတဲ့ ဆိုင်လား"

ကောင်မလေးက ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်"

ထိုအခါမှသာ နောက်ဆုံးတွင် နင်မုန့်က ဉာဏ်အလင်း ပွင့်သွားသည်။ နေ့လယ်က စာအုပ်ထဲတွင် တွေ့ခဲ့ရသော အချက်အလက်များက သူမကို လက်ထပ်ပြီးသော အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲပြီးတာ ဖြစ်လေလျှင် ယခုမူ သူမက သတို့သမီးဝတ် ရောင်းသော ဆိုင်သို့ ရောက်နေလေပြီ ရှင်းလင်းစွာဖြင့်ပင် အရာအားလုံးကို ရှီချီက ကြံစဉ်ထားခြင်း ဖြစ်သည်။

သူမက တုံ့ဆိုင်းနေကြောင်း မြင်သောအခါ ကောင်မလေးက အထဲသို့ ဝင်ပြီး ဝတ်ကြည့်ရန် တိုက်တွန်းလိုက်သည်။

နင်မုန့်၏ အကြည့်က လှပလွန်းသော မင်္ဂလာဝတ်စုံ ထဲသို့ ရောက်သွားပြီးနောက် သူမက နှလုံးခုန်နှုန်းကပင် မြန်ဆန်လာပြီး အားလှိုင်းများ ထလာသည်။

ဘယ်မိန်းကလေးက မင်္ဂလာဝတ်စုံကို မဝတ်ချင်ဘဲ နေမလဲ။

သူမက အတွင်းတွင် ချိတ်ထားသော ဝတ်စုံများကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ လက်လှမ်းကာ ထိတွေ့ကြည့်လိုက်သည််။ သူမ၏ နှလုံးသား ထဲတွင်လည်း မိန်းကလေးငယ် တစ်ယောက်၏ စိုးရိမ်မှုများက မြင့်တက်လာပြန်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now