Part 69.1

492 74 0
                                    

အပိုင်း (၆၉.၁) မြေး (၁)

ပေါက်...။

နင်မုန့်က မျက်လုံးကို ဖွင့်လိုက်သောအခါ အမှောင်ထုကိုသာ မြင်ရသည်။ သူမ၏ နားထဲတွင် ရေသံကို ကြားရပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေသည်။

သူမက ရုတ်တရက် လက်ရှိအခြေအနေကို သတိရလိုက်ပြီးနောက် သူမ၏ ခေါင်းကို ငုံ့ကာ တချက်ကြည့်လိုက်သောအခါ သူမ၏ တစ်ကိုယ်လုံးက အားမရှိသလို ပျော့ခွေကျနေပြီး ကုနန်ချန်ကလည်း ဘေးဘက်တွင် ရှိကြောင်းမြင်လိုက်ရသည်။

တစ်ယောက်ယောက်က ငါ့ကို တစ်ခုခုလုပ်ထားတာပဲ။ မဟုတ်ရင် ဘာလို့အားအင်မရှိသလိုဖြစ်နေမှာလဲ။

သူမက ဒီအချိန်ကာလအတောအတွင်း မည်သူ့ကိုမှ ရန်မစခဲ့ပေ။ သို့မဟုတ် မန်နင်က ယခင်က တစ်ယောက်ယောက်ကို ယခင်က ရန်စခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

နင်မုန့်က မှတ်ဉာဏ်များကို တူးဆွနေလိုက်သည်။ သို့သော် သူမကို ယခုလို ပြန်ပြေးဆွဲရလောက်သည်အထိ တစ်စုံတစ်ယောက်ကို ထိုသို့ မလုပ်ခဲ့ဖူးကြောင်းသေချာနေသည်။

"အင်း ..."

ကုနန်ချန်ကလည်း ညည်းညူရင်း အသိဝင်လာသည်။ သူမက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ရုတ်တရက် ခပ်တိုးတိုးအော်သည်။

"ဒီနေရာက ဘယ်နေရာလဲ"

နင်မုန့်က ပြန်ဖြေသည်။

"ရေကူးကန်လေ"

သူမ နိုးလာသောအချိန်တွင်လည်း ထိုနေရာကို ရှာတွေ့လိုက်သည်။ သို့ရာတွင် သူတို့၏ နေရာကြားတွင် ကွာခြားချက်က ရှိနေသေးသည်။ သူတို့က ရေကူးကန်နှင့် အဝတ်လဲခန်း၏ ကြားတွင် ရှိနေခြင်းဖြစ်သည်။

ကုနန်ချန်၏ မျက်နှာက ဖြူဖျော့သွားပြီးနောက် ကြမ်းပြင်မှကုန်းထသည်။

"ငါက ဘာလို့ ဒီနေရာ ... ဘယ်သူက ငါ့ကို ရိုက်တာလဲ"

သူမက သတိမမေ့ခင်က အခြေအနေကို ပြန်တွေးကြည့်မိပြီးနောက်တွင် အထိတ်တလန့်ဖြစ်သွားသည်။

အဲ့ဒီရူးနေတဲ့ လူသတ်သမားတော့ မဟုတ်ပါဘူးနော်။

နင်မုန့်က သူမကို သံသယအကြည့်ဖြင့် ကြည့်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now