Part 94

343 41 1
                                    

အပိုင်း ၉၄ သူမက ငါ့ရဲ့ ဇနီး

နင်မုန့်က လျှို့ဝှက်ချက်လေး တစ်ခုကို ဖုံးကွယ်ထားသလို ခံစားနေရပြီး အချိန်မရွေး ပေါ်သွားမည့် အရေးကို ကြောက်နေရသည်။ သူမက ပါးကို ထိလိုက်သောအခါ အပူကပင် အနည်းငယ် ကျသွားသလို ခံစားလိုက်ရသည်။

နင်မုန့်က စိတ်အေးသွားသလို အသက်ရှူလိုက်သည်။ ထို့နောက် ဖုန်းကို တစ်ဖန် ပြန်ပွင့်လိုက်သည်။ ရိုးရှင်းသော စာကြောင်း တစ်ကြောင်းက မျက်လုံးထဲ ရောက်လာသည်။ ချက်ချင်းလိုလို သူမ၏ အာရုံကို ဖမ်းစားသွားတော့သည်။

{အရမ်း ရိုးရှင်းပါတယ်။ အလွန်အကျွံတော့ မလုပ်မိစေနဲ့၊ သူ့ဆီ သွားပြီး ခိုး နမ်းကြည့်လိုက် ထိတ်လန့်သလို ခံစားရတယ်၊ ပျော်ရွှင်သလို ခံစားရတယ်ဆိုရင် နင် သူ့ကို ကြိုက်နေတာပဲ}

ခိုးနမ်းရမယ်လား။

ဒါက သူနဲ့အတူ အိပ်ရာဝင်သည်ထက် အများကြီး ကောင်းသည်။

နင်မုန့်က တစ်ခဏခန့် တွေးတောကြည့်လိုက်သည်။ သူမကသာ ရှီချီကို သဘောကျနေလျှင် သူမ၏ နှလုံးသားက ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူမက သူ့ကိုသာ သဘောမကျလျှင် သူမ၏ နှလုံးသားက ရွံရှာစိတ်ကိုပင် ခံစားရပေလိမ့်မည်။ ယခုမူ ထူးဆန်းပြီး လွန်ဆွဲသလို ခံစားချက်မျိုး ဖြစ်နေခြင်း ဖြစ်သည်။

ကြည့်ရတာ ငါ စမ်းကြည့်သင့်တယ်။

မည်သို့ပင် ဆိုစေ သူမက ယခင်က သူနှင့် နမ်းခဲ့ပြီးပြီ ဖြစ်လေရာ ခိုးနမ်းရုံဖြင့် စိုးရိမ်စရာ မရှိတော့ချေ။ ထို့အပြင် သူမ စမ်းကြည့်နေလဲ အခြေအနေ ပိုကောင်းသွားပေလိမ့်မည်။

ထိုသို့ တွေးကြည့်ပြီးနောက် နင်မုန့်၏ မျက်နှာဝန်းကျင်တွင် အုံ့ဆိုင်းနေသော တိမ်များ အားလုံးက ပျောက်ကွယ်သွားပြီး သူမ၏ နှလုံးသားကလည်း ရုတ်ခြည်း တည်ငြိမ်သွားသည်။ ယခင်က ခံစားနေရသော လေးလံသည့် ဖိအားကလည်း ပျောက်ကွယ်သွားသည်။

စက္ကူရုပ်လေး ၂ရုပ်ကမူ စားပွဲပေါ်တွင် လှုပ်ရှားနေသေးသည်။

သူမက အနားသို့ လျှောက်သွားပြီးနေားက် လက်ချောင်းလေးဖြင့် တို့ကြည့်လိုက်သည်။ ထို့နောက် ညင်သာသော လေသံဖြင့် မေးသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now