Part 82

447 57 1
                                    

အခန်း (၈၂) ခုနှစ်နှစ်တာ တန်ကြေးရှိတဲ့အနမ်း။

နင်မုန့်က မတ်တပ်ထရပ်လိုက်ပြီး ချောင်းဟန့်ကာ ဖြောင့်မတ်မှန်ကန်သလို လေသံမျိုးဖြင့် ပြောသည်။

"ငါ ဘာမှမလုပ်ချင်ပါဘူး။ ဒီအတိုင်း.. နင့်ရဲ့အင်္ကျီတွေရဲ့ အရည်အသွေးက ဆိုးလွန်းတယ်လို့ ပြောမလို့ပါ"

"..."

ရှီချီကမူ ဆွံ့အသွားရသည်။ တစ်ချက် ဆွဲလိုက်ရုံဖြင့် ကြယ်သီးက ကျွတ်သွားလျှင် အရည်အသွေးက မကောင်းဟု ဆိုသင့်လေသည်။

ဒါပေမဲ့ ဒီမိန်းကလေးက သူ့ကို ဆွဲဆောင်ချင်တာ ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသော အကြံအစည် ဖြစ်မြောက်အောင် ဖြစ်နိုင်တဲ့ ဖြေရှင်းချက်မျိုး ပေးနေခဲ့တာ မဟုတ်လား။

ပုံမှန်အားဖြင့် ဝတ္ထုများကလည်း ထိုသို့ဖော်ပြတတ်လေ့ ရှိလေသည်။

နင်မုန့်ကမူ သူမ၏ လက်ရှိအခြေအနေ အကြောင်းကို သတိမထားမိချေ။ ထို့နောက် ခပ်တိုးတိုး ဆက်ပြောလိုက်သေးသည်။

"မြန်မြန် ထွက်သွားပေးပါ ငါ အဝတ်အစားတွေ လဲရအုံးမယ်။ နင်ဒီနေရာမှာ ဆက်ရှိနေမယ် ဆိုရင် မျက်စိစွေသွားပါအုံးမယ်"

ရှီချီက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏စကားကို မကျေမနပ် ဖြစ်သွားဟန် အထင်းသားပေါ်လာသည်။ နင်မုန့်က အသက်ပြင်းပြင်း ရှုပြီး မေးလိုက်သည်။

"နင် ဘာလို့ ငါ့နောက်ကို ဒီလို ဆက်လိုက်နေတာလဲ။ ငါက အတောင်ပေါက်ပြီး ပျံသွားမှာလည်း မဟုတ်ဘူးလေ။ မစိုးရိမ်ပါနဲ့"

သူက သူမ၏နောက်သို့ ထိုသို့တောက်လျှောက် လိုက်နေခြင်းက အသိများထဲတွင် မြင်ဖူးသော စတန်းများနောက်သို့ လိုက်သည့် စတော်ကာများကဲ့သို့ ခံစားရသည်။ သူကလည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်း သိထားလောက်သည်။ သို့တိုင်အောင် မဖယ်ပေးဘဲ သူမကို ခက်ခဲအောင် လုပ်နေသည်။

ရှီချီက သူမကို မှင်သေသေ စိုက်ကြည့်နေသည်။

သူမက ရုတ်တရက် အတောင်ပံပေါက်ကာ ပျံသန်းသွားနိုင်ခြင်း မရှိသည်မှာ သေချာနေသည်။ သို့သော် သူမ၏ ထွက်သွားမည် ဆိုသော စကားက အတောင်ပံပေါက်ကာ ထွက်ပြေးသွားသော ကိစ္စထက် ပို၍ အကျိုးသက်ရောက်မှု ရှိပြီး သူ့ကို လက်ခံရန် ခက်ခဲစေကာ စောင့်ကြပ်နေမိစေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။जहाँ कहानियाँ रहती हैं। अभी खोजें