Part 88

371 52 0
                                    

အပိုင်း ၈၈ ကိစ္စမရှိဘူး။ ငါသူမကို ကြိုက်ရင်ပြီးသာပဲ။

ကိစ္စများကို ထိုအခြေအနေအထိ ရောက်နေပြီးမှ ဟွမ်ဖေးဖေးက ဖုံးကွယ်နိုင်ခြင်း မရှိတော့ချေ။

သူမက အရိုးပြာအိုးကို မခိုးခဲ့သည့် တိုင်အောင် ဒါက သူမနှင့် မဆက်စပ်ကြောင်း ငြင်းဆန်၍လည်း မရနိုင်ချေ။

ရှင်ဟွိုင်ဝမ်၏ သူ၏ ဇနီးဟောင်းအပေါ် အပြုအမူနှင့်ဆိုလျှင် သူက ထိုမတော်တဆမှု ဖြစ်ရပ်ကို သေချာပေါက် စုံစမ်းစစ်ဆေးပေလိမ့်မည်။ အနှေးနှင့် အမြန် သူမက အကျိုးဆက်ကို ခံရပေလိမ့်မည်။

"ငါတကယ်မဟုတ်ပါဘူး။ ငါ့ကို အဲဒီအဘိုးကြီး တစ်ယောက်က ပေးခဲ့တာ။ သူငါ့ကို ပေးခဲ့တာ"

ဟွမ်ဖေးဖေးက အားလုံးကို တစ်ပြိုင်တည်း ထုတ်ပြောလိုက်သည်။

"သူက ဘယ်သူနဲ့ တူလဲ"

ရှီးချီက ရုတ်တရက် ဝင်မေးသည်။

ဟွမ်ဖေးဖေး၏ မျက်နှာတွင် အထိတ်တလန့်မှုများ အားလုံးက ထွက်ပေါ် လာသည်။ သို့သော် သူမက ဆက်မပြောရဲချေ။

"သူက လူအိုကြီး တစ်ယောက်ဆိုတာပဲ ငါသိတယ်။ ငါသူ့ရဲ့ မျက်နှာကို တစ်ခါမှ မမြင်ဖူးဘူး"

ရှင်ဟွိုင်ဝမ်က ဒေါသကို ထိန်းထားသည်။

"မင်းက ဘယ်လိုများ ဒီလို ရုပ်မာတဲ့ နည်းလမ်းအကြုံအစီ ရလာတာလဲ။ ရှန်းယွင်က မင်းကို ဘယ်လိုများ ရန်စခဲ့လို့လဲ"

ဟွမ်ဖေး‌ဖေးက ချက်ချင်းခေါင်းခါကာ ကိုယ့်ကိုယ်ကို ခုခံရန် ကြိုးစားသည်။

"ဒါက ရှန်းယွင်ရဲ့ အရိုးပြာအိုးမှန်း ငါတကယ်မသိခဲ့ပါဘူး။ မဟုတ်ရင် ငါမသုံးခဲ့လောက်ဘူး"

သူမက ရှင်ဟွိုင်နဲ့ အတူရှိပြီး သိပ်မကြာခင် ရှန်းယွင်က ငယ်စဉ်က သေဆုံးသွားခဲ့ကြောင်းကို သိခဲ့ရခြင်းဖြစ်သည်။

ဒါကို ဒီလို သက်တမ်းတိုတဲ့ လူတစ်ယောက်ရဲ့ အရိုးပြာအိုးကို သူမက ဘာလို့ သုံးရမှာလဲ။

သူမက နားမလည်သည့် တိုင်အောင် သူမက ရှန်းယွင်၏ ကံကောင်းမှုကို အသုံးပြုခဲ့ခြင်းမှ အကျိုးအမြတ်ရခဲ့သော ကိစ္စများစွာရှိကြောင်း ကိုလည်း သက်သေပြနိုင်သည့် အတွေ့အကြုံများ ရရှိခဲ့သည်။ အထူးသဖြင့် ဒီရှန်းယွင်က သေဆုံးသွားခဲ့ချိန်က အလွန်ငယ်ရွယ်လွန်နေခဲ့သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Wo Geschichten leben. Entdecke jetzt