Part 19.2

1K 130 1
                                    

Unicode

အခန်း ၁၉.၂

သူ့မျက်လုံးတွေက နောက်ဆုံးတွင် မြင်လာနိုင်ပြီ။ ၂

တစ်လွှာထဲတွင် သေသည့်သူနှင့် အတူတူနေရခြင်းက ကောင်းသည့် အရာမဟုတ်ပေ။ တစ်ယောက်သည်  သက်မဲ့ လေကို ရှုနေရပြီး ကျန်တစ်ယောက်သည် သက်ရှိလေကို ရှုနေရသည်။ အကယ်၍ သူတို့သာ ကာလရှည်ကြာ အတူတူ ဆက်နေလျှင် မတော်တဆ ထိုခိုက်မှု ဖြစ်လာသည်မှာ မလွဲမသွေပင် ဖြစ်သည်. 

ယင်းအတွက်ကြောင့်ပင် ရှေးခေတ်က သင်္ချိုင်းများသည် အမြဲတမ်း လူသူကင်းမဲ့သည့် အရပ်တွင် ရှိခဲ့ကြသည်။ ပြီးနောက် ယခုခေတ် သင်္ချိုင်းများသည်လည်း ထိုထုံးတမ်းအတိုင်း လိုက်ခဲ့ကြသည်။ မည်သူမျှ မြို့လည်ခေါင်တွင် သင်္ချိုင်း တည်လိမ့်မည် မဟုတ်ပေ။ 

အကယ်၍ သက်ရှိ လူတစ်ယောက်၏ အသက်ရှိမှုနှင့် သေဆုံးသူ၏ ချီနှင့် ထိတွေ့မှု ဖြစ်သည့်အခါ သူတို့၏ ကံကောင်းမှုသည် ပြောင်းလဲသွားမည် ဖြစ်ကာသူတို့သည် ဒုက္ခများကို ရက်များစွာ ခံရမည် ဖြစ်သည်။ ကံမကောင်းမှုကို ကြုံတွေ့ရသည့်သူအဖို့ ကျန်းမာရေး အားနည်းကာ အဆုံးဆုံး ရလဒ်အနေဖြင့် သေဆုံးသည်အထိ ဖြစ်နိုင်ပေ၏။ 

သို့သော်ငြား ထိုကိစ္စမျိုးကို သေချာပေါက် ပြုပြင်နိုင်ပေမည်။ 

သူတို့၏ အချင်းများမှ ပြီးဆုံးလု အခြေအနေတွင် ခပ်ဝဝဖြင့် သက်လတ်ပိုင်း အယူ တစ်ယောက်သည် ရပ်ကွက်ထဲမှ အမြန်ထွက်လာကာ သူသည် ရှီရှန်းကျင်းကို မြင်လိုက်ရသည့် အချိန်တွင် သူ့မျက်လုံးများက တောက်ပလာကာ သူ့ခြေလှမ်းများကိုလည်း အရှိန်မြင့်လိုက်သည်။ 

“မစ္စတာရှီ”

ထိုလာခဲ့သည့်သူက ရင်းရင်းနှီးနှီးဖြင့် အော်ခေါ်လိုက်သည်။ 

ထို သက်လက်ပိုင်းလူကို ယန်ထျန်းရွမ်ဟု ခေါ်ကာ သူသည် အိမ်ခြံမြေ လုပ်ငန်းတွင် အလုပ်လုပ်နေသူ ဖြစ်၏။ ယခု ရပ်ကွက် တည်ဆောက်ပြီးသည်နှင့် သူ့မိသားစုအတွက် ပျော်ရွှင်စရာ နှစ်ယောက်တည်း ကမ္ဘာမှာ နေထိုင်ရန်အတွက် သူကိုယ်တိုင်ဒီနေရာကို စီမံခဲ့ခြင်း ဖြစ်သည်။ 

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now