Part 108

275 26 0
                                    

108 01

အပိုင်း (၁၀၈) ရှီချီရဲ့ အမေ။

နင်မုန့်က စံအိမ်ထံ ဦးတည်သွားချိန်တွင် လီချွမ်က စံအိမ်ငယ်ထံသို့ ပြန်သွားခဲ့ပြီဖြစ်သည်။

စံအိမ်ကြီးနှင့် ထိုစံအိမ်ငယ်ကို ဆက်သွယ်နေသော သီးသန့် လမ်းကြောင်း တစ်ခုရှိသည်။ သူမ လွှတ်လွတ်လပ်လပ် ဝိညာဉ်ကူးပြောင်းလာပြီးခါစ ဘဝအစတွင် အဘွားရှီက ဒီလမ်းကို ဖြတ်ရင်း သရဲနဲ့တွေ့ကာ သေသွားခဲ့ခြင်း ဖြစ်သဖြင့် သူမက ဝင်ပူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ရှီချီကသာ စံအိမ်ကြီးတွင် တစ်ဦးတည်းသော နေထိုင်သူဖြစ်သည်။ ရှီရှန်းကျင်းနှင့် ရှီရှန်းချန်တို့ အတွက်ကမူ ရှီချီက ရှီမိသားစုကို အာဏာအပြည့်အဝ လွှဲပြောင်းယူပြီးကတည်းက ထိုနှစ်ယောက်ကလည်း နိုင်ငံခြားတွင် သွားနေရန် ဆုံးဖြတ်ခဲ့သည်။ ရန်မန်က ထိုဆုံးဖြတ်ချက်ကို မကျေနပ်သည့်တိုင်အောင် ဘာမှမလုပ်နိုင်ခဲ့ချေ။ ရှီချုံးနှင့် ရှီဟွေးတို့အတွက်ကမူ သဘာဝအလျောက်ပင် ရှီချီ၏ရှေ့တွင် ပေါ်မလာရဲခဲ့ချေ။

ကလေးဘဝတွင် သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြပြီးနောက် သူ့ရှေ့တွင် ပြန်ပေါ်လာခဲ့လျှင် သူက သူတို့ကို ကိုင်တွယ်ကောင်း ကိုင်တွယ်လိုက်နိုင်သည်။ မည်သို့ပင်စေ ရှီချီက ရက်စက်မှုတွင် ကျော်ကြားသည်။

နင်မုန့်က မှင်တက်မှု အပြည့်ဖြင့် လမ်းလျှောက်နေရင်း ရှီချီထံ တစ်စုံတစ်ရာ ဖြစ်နေမည်ကို စိုးရိမ်လာသည်။ သူမက မသိလိုက်ခင် စံအိမ်တံခါးဝသို့ ရောက်သွားပြီး ရပ်တန့်လိုက်သည်။

သူမက စိတ်ထင်သည်လားမသိ ထိုနေရာတွင် ရပ်နေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးက မနေ့ညက မျက်လုံးအဖြူ ပေါ်သည်အထိ မျက်လုံးလှန်နေခဲ့သော လီချွမ်နှင့်ပင် ပုံစံတူနေသေးသည်။ သူမ၏ စိတ်ထဲတွင်မူ တစီစီ မြည်သံများပင် ပြည့်နှက်လာပြီး အတွေးများထဲ တိမ်ထူထပ်လာသလို မချိန်မီ မတုံ့ပြန်နိုင်တော့ချေ။

မိနစ်အနည်းငယ်ကြာပြီးမှ သူမက ရုတ်တရက် အသိပြန်ဝင်လာသောအခါ ယခင်နေရာတွင်သာ ရှိနေသေးကြောင်း မြင်လိုက်ရသည်။ သူမက အလောတကြီး စံအိမ်အစစ်အမှန် အတွင်းသို့ ဝင်ရောက်လိုက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Donde viven las historias. Descúbrelo ahora