Part 10

1.2K 171 2
                                    

Unicode

အခန်း ၁၀။ ရှီချီ သူ့အဘွား ဝါးလာတာကို မြင်လိုက်ရတယ်။

ရှီရှန်းကျင်းကအိပ်ရာဘေးမှာရပ်နေပြီး နင်မုန့်က ရှီချီကို သန်ု့စင်ခန်းထဲခေါ်လာတော့သည်။

သန့်စင်ခန်းမှာ ဘာလော့ချထားတာမှမရှိပေမဲ့ ရဲတွေတိပ်နဲ့ကပ်ထားတာတော့ရှိသည်။  သွေးတွေတောင်ခုထိ မသန့်ရသေး တချက်ကြည့်တာနဲ့တင် စိတ်မသန့်ချင်တော့ပေ။

ကံကောင်းချင်တော့ ကြမ်းပြင်မှာတော့ အလောင်းကောင်မရှိနေ မဟုတ်ရင် ပိုကြောက်ဖို့ကောင်းနေမှာပင်။

သန့်စင်ခန်းက နေရာသေးသေးလေးတစ်ခုပင်။ ဟွမ်လီက ရေချိုးနေတုန်း ချော်လဲပြီး ဝိုင်ယာကြိုးနဲ့ ရှမိရင်တောင် ဒီလောက်ကြောက်ဖို့ကောင်းအောင်ထိ မသေနိုင်ချေ။

သူမကို သေအောင် ဝိုင်ယာကြိုးနဲ့ ပတ်တဲ့အားတစ်ခုခုတော့ ရှိမှာအသေချာပင်။ ဒါပေမဲ့ ရဲတွေက  ရှာမတွေ့နိုင်ခဲ့ပေ။

နင်မုန့် မျက်လုံးမှေးလိုက်မိသည်။

စနစ်က သူမ ယင်ယန်မျက်လုံးက သန့်စင်ခန်းထဲက အမှောင်ထုကို ဖောက်မြင်နိုင်သည်ဟု ပြောသည်။  ဒီသန့်စင်ခန်းထဲက အပြင်ကထက်တောင် ပိုပြီး လေထုက ဆိုးနေသေးသည်။

ဒီကလောင်နတ်သမီးက သူ့အလုပ်မှာချန်ထားတဲ့ ခြေရာလက်ရာတွေက ပိုတောင်များနေသေးသည်။

ခနလောက်ကြည့်ပြီးတော့ သူမ သန့်စင်ခန်းကနေထွက်လာခဲ့သည်။

ရှီရှန်းကျင်းက လှေကားထစ်မှာရပ်နေကာ သူ့နောက်က အမဲရောင်လေတွေက သူ့စီသွားနေပေမဲ့ သူ့ကိုရစ်နှောင်လို့မရချေ။

ထိုအစားက ဘေးက ဒါရိုက်တာကတော့ မတူပင်။ အမဲရောင်လေတွေက သူ့နားမှာ ဝိုင်းပြီး များနေပြီပင်။

စနစ်က “မင်း အကြီးဆုံးသားက သိပ်တော့မသေချာသေးဘူး မင်းထင်မှာပေ့ါ သူက နှစ်ပေါင်းများစွာ သခင်လေး လုပ်လာပြီးတော့ ဘာမှအသုံးမကျဘူးလို့ ဒါပေမဲ့ သူက သူ့အသက်ကို ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ရထားတယ်လေ ဒါရိုက်တာကကျ အသက်ရှင်နေတဲ့လူမို့ ယင်လေက သူ့နားမှာ ရစ်နှောင်နေတာ”

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now