Part 86

416 50 2
                                    

အပိုင်း ၈၆ ငါသူမကို ပြတော့မယ်။

နင်မုန့်ကလည်း ရှီချီက သူမတွင် စစ်စတန်တစ်ခုရှိကြောင်း သို့မဟုတ် သူမက အခြားလောကမှ လာကြောင်း သိထားကြောင်း နားလည်နေသည်။ သို့သော် သူက ထူးဆန်းမှုကိုသာ အဓိက သိထားလောက်သေးပြီး အသေးစိတ် အခြေအနေကို မသိထားလောက်ချေ။ ထို့ကြောင့် သူမအနေဖြင့် စိတ်ထဲမှသာ အထွန့်တက်သင့်သည်။

ရှီချီက စကားမပြောလာတော့ချေ။

သူမ၏ အတွေးတိုင်းကို မျက်နှာတွင် ရေးသားထားသလို ထင်ဟပ်မြင်နေရလေရာ နားလည်ရ လွယ်ကူသည်။ သူမကမူ ကိုယ့်ကိုယ်ကို ကောင်းကောင်း ဖုံးကွယ်နိုင်သည်ဟု ထင်နေဟန်ရသည်။

မြေပြင်ကို ဖွင့်ထားပြီး လှပသော အရိုးပြာအိုး၏ ပတ်ပတ်လည်တွင် အနက်ရောင် မြေဆီလွှာများက ရှိနေသည်။

အပေါ်စီးမှသာ ကြည့်မည်ဆိုလျှင် ထိုနေရာက အခန်းအတွင်းတွင် ရှိနေလေရာ မည်သို့ပင်ကြည့်ကြည့် ထူးဆန်းနေပေလိမ့်မည်။

အခြေအနေက မကောင်းကြောင်းကိုလည်း အလုပ်သမားများက သတိထားမိသွားကြသည်။

ဘယ်သူက ဒီနေရာမှာ အရိုးပြာအိုးကို လာထားထားတာလဲ။ ပိုဆိုးတာက ပိုင်ရှင်ရဲ့ အမူအရာက မဟုတ်ဘူး။ တစ်ယောက်ချင်းရဲ့ စကားတွေကို နားထောင်ရတာ သူကိုယ်တိုင်တောင် ဒီကိစ္စကို ကြိုမသိထားတဲ့ပုံဘဲ။

သူတို့က သဘာဝလို ဖြစ်ရပ်များတွင် ဝင်ပါခဲ့မိခြင်း ဖြစ်လောက်သည်။

ချင်ဟွိုင်ဝမ်၏ မျက်နှာက အလွန်ပျက်ယွင်းနေသည်။

"လာလို့ အားယွင်ရဲ့ အရိုးပြာအိုးက ဒီနေရာမှာ..."

သူ၏ ဇနီးဟောင်းနာမည်က ရှန်းယွင်ဖြစ်သည်။ သူမနှင့်သူက အတူကြီးပြင်းလာကြပြီး ငယ်ချစ်ဟောင်းများ ဖြစ်ကြသည်။ သူတို့က ဆက်ဆံရေး အလွန်ကောင်းကြကာ ရန်ဖြစ်ခဲသည်။

ချင်ဟွိုင်ဝမ်က သူတို့ အရွယ်ရောက်ခါစ အချိန်ကတည်းက ရှန်းယွင်နှင့် ချစ်ကြိုက်ခဲ့ခြင်း ဖြစ်သည်။ နှစ်ယောက်က ကောလိပ်အတူ တက်ခဲ့ပြီး ဘွဲ့ရပြီးလျှင် လက်ထပ်ရန် ကြံစည်ထားသည်။ ထို့နောက် စီးပွားရေးအတူ စတင် လုပ်ကိုင်ကာ အခက်ခဲဆုံး နေ့ရက်များကို အတူတူ ဖြေရှင်းမည်ဟု ကြံစည်ခဲ့ကြသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now