Part 64

578 69 1
                                    

အပိုင်း (၆၄) ငါ သူမကို သဘောကျတယ်

နင်မုန့်က တံတွေးမြိုချလျက် သူမ၏ မျက်နှာချင်းဆိုင်မှလူကို ကြည့်လိုက်သည်။

သူက ရှပ်အင်္ကျီတစ်ထည်ကို ဝတ်လျက် သာမန်သွင်ပြင်မျိုးဖြင့် ဒီတိုင်းထိုင်နေခြင်း ဖြစ်သော်လည်း လူအများကို ကြော့ရှင်းကြည့်ကောင်းပြီး ဆွဲ‌ဆောင်မှုပြင်းထန်သည့် အရှိန်အဝါမျိုးကို ပေးစွမ်းနေပြန်သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါး၏ မျက်လုံးက သူတို့ရှိရာဘက်သို့ တိုက်ရိုက်ဦးတည်နေကြသည်။

သူမက ခပ်တိုးတိုးပြောလိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး"

သူမကလည်း ထုတ်မမေးရဲချေ။ ယခုပြောလိုက်သော သူ၏ လေသံက ကြောက်စရာကောင်းနေသည်။ ယခု သူက အရွယ်ရောက်လာသဖြင့် ယခင်ကလို အနည်းငယ်သော်မျှ ချစ်စရာမကောင်းတော့ချေ။ သူကလေးအရွယ်ကနေ အပြည့်အဝ ကွာခြားသွားပြီ။

ရှီချီက ကုလားထိုင်တွင် ကျောမှီလိုက်ပြီး သူမက ခေါက်ဆွဲစားနေခြင်းကို ထိုင်ကြည့်နေသည်။ ထိုထိုင်ကြည့်ခံရသည့်အခါ နင်မုန့်က သတိလက်လွတ်ခေါက်ဆွဲများကို ဖြည်းဖြည်းချင်းသာ ဝါးရင်း အတွေးများကို တောင်စဉ်ရေမရ ဖြစ်လာသည်။

ကံကောင်းစွာဖြင့် ရှီချီက ဘာမှမလုပ်ဘဲ ဒီတိုင်း ထိုင်နေခြင်း ဖြစ်သည်။

သူမက ခေါက်ဆွဲများကို စားပြီးသွားသည့်တိုင်အောင် သူက ဒီအတိုင်း ဆက်ထိုင်နေသေးသည်။

နင်မုန့်က ပါးစပ်သုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် မေးလိုက်သည်။

"ကျွန်မ ကူညီပေးနိုင်တာများ ရှိလို့လား"

ရှီချီက ပြန်ဖြေသည်။

"မရှိဘူး"

နင်မုန့်။ "..."

မရှိရင်လည်း ဘာလို့ ဒီနေရာမှာထိုင်ပြီး ခေါက်ဆွဲစားတာကို ကြည့်နေတာလဲ။

နင်မုန့်ကလည်း သူ၏ အတွေးကို မခန့်မှန်းနိုင်ချေ။ ထို့ကြောင့် ပြောလိုက်ရသည်။

"ဒါဆိုရင် ကျွန်မအရင် သွားပါတော့မယ်၊ နှုတ်ဆက်ပါတယ် ဆရာ"

သူမ၏ စကားအဆုံးက စိတ်အေးသွားသလိုမျိုး ပေါ့ပါးသွားသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now