Part 83

491 54 2
                                    

အပိုင်း ၈၃ မင်္ဂလာဝတ်စုံ

ထိုနေရာဝန်းကျင်အတွင်း လေထုအခြေအနေက ရုတ်တရက် တင်းကျပ်လာသည်။ နင်မုန့်၏ နှလုံးခုန်နှုန်းက အလွန်မြန်ဆန်လာသည်။ သူမက ယခုလေးတင် အနမ်းခံရပြီးခါစ ဖြစ်သောကြောင့်လော။ သို့မဟုတ် ရှီချီက တစ်စုံတစ်ရာကို သတိထားမိ သောကြောင့်လော။ မသေချာသော်လည်း သူမက အံ့ဩလွန်းသဖြင့် စကားမပြောနိုင်တော့ချေ။

စနစ်က နှစ်သိမ့်ပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့ သူက ငါ့ကို မမြင်နိုင်ပါဘူး"

ထိုစကားကို ကြားသောအခါ နင်မုန့်က ချက်ချင်းလိုလို စိတ်အေးသွားရသည်။

သူမက ရှီချီကို ခိုးကြည့်လိုက်သည်။ သူက လက်ရှိအခြေအနေတွင် စိတ်အခြေအနေ ဆိုးရွားနေကြောင်းကိုလည်း နားလည်နေသည်။ သူက အလွန်အမင်း အေးစက်သော ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ သူမကသာ ကောင်းမွန်သော စကားများကို ချက်ချင်း ထုတ်မပြောလျှင် သူမက ချက်ချင်း ပိတ်လောင်ထား ခံရနိုင်သေးသည်။

နင်မုန့်၏ အသက်ရှူသံက ပေါ့ပါးသွားသည်။ သို့သော် မျက်နှာပေါ်ရှိ အပူချိန်ကမူ ယခုလေးတင် နမ်းရှိုက်ပြီးခါစ ဖြစ်သောကြောင့် မျက်တောင်တစ်ခက် အချိန်အတွင်း နီရဲနေပြန်သည်။

သူမက နှုတ်ခမ်းပါးကို လျှာတစ်ချက် သပ်လိုက်ပြီးနောက် သွေးကြောများကို တင်းကျပ်လိုက်ကာ ပြောလိုက်သည်။

"ဘယ်သူကမှ ငါ့ကို မကူညီခဲ့ဘူး။ ငါတောင်းပန်ပါတယ်။ ငါလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး"

သူမက ထိုစကားကိုသာ ပြောလိုက်နိုင်သည်။ မဟုတ်လျှင်လည်း အခြားဖြေရှင်းချက် ပေးစရာမရှိချေ။

ဒီတစ်ကြိမ် ၇နှစ်ပင် ကုန်လွန်သွားမည်ဟု သူမကလည်း မမျှော်လင့်ထားခဲ့ချေ။ ဒီအချိန်အတောအတွင်း သူက ခံစားနေရမည့် စိတ်ပျက်အားငယ်မှုကိုလည်း ရှီချီ၏ တုံ့ပြန်မှုက အပြည့်အဝ ရှင်းပြပေးနိုင်သည်။ ဒါက သူမကို အပြစ်မကင်းသလို ခံစားရစေသည်။

"စိတ်မကောင်းဘူးလား"

ရှီချီက ခပ်တိုးတိုး ရည်ရွက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now