Part 6

1.3K 163 0
                                    

Unicode

အခန်း ၆။ သဘောကောင်းတဲ့ အဘွား

နေ့ခင်းတုန်းက ရှီချီကို ဆံပင်ညှပ်ဖို့ ခေါ်သွားပြီး အဝတ်အစားတွေ ဝယ်ပေးသည်။  သူပြန်ရောက်တာနဲ့ တစ်ထပ်အိမ်လေးကို မလာခင် ရေမိုးချိုးပြီးမှ ပို့ပေးလိုက်တာ ဖြစ်သည်။ 

တစ်ထပ်အိမ်လေးကို ရောက်တဲ့အချိန် သူ့ရင်ထဲ အေးချမ်းသွားသလိုပင်။ ပင်မအိမ်နဲ့ ယှဉ်ရင် ဒီလို သိမ်မွေ့တဲ့နေရာမျိုးကို သူ ပိုကျင့်သားရသည်။

ခြံဝင်းက ပန်းတွေပြည့်နေပြီး ခုတင် ကောင်မလေးတစ်ယောက်က သူ့ကို အသီးတွေ ပေးနေသည်။  သူဒီလို ဆက်ဆံမှုမျိုးကို ပင်မအိမ်မှာမကြုံဖူးခဲ့ပေ။

သူနဲ့ သိပ်မလှမ်းမကမ်းမှာ ရပ်နေတဲ့ အဘွားအိုကို ရှီချီလှမ်းကြည့်လိုက်သည်။ သူမက သူ့ကို ဖူးပွင့်စ ဂန္ဓမာပန်းလို ပြုံးပြီးကြည့်နေကာ သူမဘေးမှာလည်း ကောင်မလေးတစ်ယောက်က ကူတွဲပေးထားသေးသည်။ 

ဒါကသူ…. အဘွားလား။

အစိမ်းရောင်မျက်လုံးတစ်စုံက သူမကို သေချာစိုက်ကြည့်နေသလို သူ့ကြည့်ရတာ တုန်လှုပ်နေသလိုပင်။

နင်းမုန် သူ့ကို တချက်ကြည့်လိုက်တော့ သူ့လက်တွေက ဘေးက အင်္ကျီစကို ကျစ်ကျစ်ဆုပ်ထားတာကို တွေ့လိုက်ရသည်။  ဘာလို့ သူတအားကြာနေလဲ ဆိုတာကို သူမ ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုကလေးလေးကို သူမက ခပ်ဖွဖွလေး “၁၇ ဘွားကို ဘွားဘွားလို့ခေါ်ပါဦး”

တကယ်လို့ သူမ အပြုံးက ဂန္ဓမာပန်းအိုကြီးနဲ့တူတယ်လို့ ရှီချီက မြင်တယ်ဆိုတာ သိရင် နောက်ဆက်တွဲက မတွေးရဲစရာပင်။

လီရှက ဘေးကနေ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ ဘွားဘွားကြီးက ကလေးကို အခက်တွေ့အောင် လုပ်နေတဲ့ အဘွားကြီးလိုပင်။

ကလေးနားနားကပ်ကာ “ဘွားဘွားကြီး နားတွေက သိပ်မကောင်းဘူး ဆိုတော့ သခင်လေးချီ နာမည်ကို ၁၇ လို့ ထင်နေတာ သခင်လေးချီ ဘွားဘွားကြီး ပြောတဲ့အတိုင်းပဲ နားထောင်လိုက်နော်”

ရှီချီက နှုတ်ခမ်းလေးကိုက်ကာ တော်တော်ကြာတဲ့ထိ စကားမပြောပေ။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now