Part 38

960 131 1
                                    

အပိုင်း (၃၈) ကျောင်းသားကောင်းတွေက အရွယ်မရောက်ခင် ဒိတ်မလုပ်သင့်ဘူး။

အတန်းတက်နေသော အချိန်တစ်လျှောက်လုံး နင်မုန့်က ရှီချီကိုသာ ခိုးကြည့်နေခဲ့သည်။ သူ၏အသားအရေက အလွန်ဖြူဖျော့လွန်းနေဟန် မပေါက်သော်လည်း သူ၏နှုတ်ခမ်းက အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်နေသဖြင့် သူက လေတိုက်ရုံဖြင့် လွင့်ထွက်သွားလောက်အောင် အားနည်း လွန်းသည်။ဟု ခံစားရစေသည်။ အဆုံးတွင် အတန်းက အဆုံးသတ်ခါနီးချိန် ရောက်သောအခါ သူမအနေဖြင့် မနေနိုင်တော့ဘဲ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

"ရှီချီ နင့်အသားအရောင်က ဘာလို့ ဒီလောက် ဆိုးရွားနေတာလဲ။ ဖြစ်နိုင်တာက..."

ရှီချီက ဘေးကို လက်ထောက်လျက် လက်ချောင်းများကို ဖြန့်ကားလျက်မှ မျက်လုံးဝင့်လာပြီး ပေါ့ပါးစွာ မေးသည်။

"ဘာရယ်မဟုတ်ပါဘူး။ ငါ ဒီအတိုင်း ကောင်းကောင်း မအိပ်ခဲ့ရလို့.."

သူက ဖြေရန် ငြင်းဆန်နေကြောင်း မြင်သောအခါ နင်မုန့်က ဆက်မေးလျှင်လည်း သက်ရောက်မှုရှိတော့မှာ မဟုတ်ကြောင်း သိလိုက်သည်။ သို့ရာတွင် အတန်းက ပြီးသွားသောအခါ အခန်းက ဆူပူပွက်လောရိုက်နေချိန်တွင် သူမက အနားကပ်ပြီး ထပ်မေးလိုက်ပြန်သည်။

"နင် ဒီနေ့လယ်က မြင်ခဲ့တဲ့ အဲဒီစက္ကူအရုပ်က.."

ရှီချီက သူမ၏စကားကို ဖြတ်ပြောလိုက်သည်။

"ဘာစက္ကူရုပ်လဲ"

နင်မုန့်က သူ့ကို သံသယအပြည့်ဖြင့် ကြည့်သည်။

"ငါတို့တွေ ပြဇာတ်ရုံမှာ တွေ့ခဲ့တဲ့ တစ်ရုပ်လေ။ လှုပ်လည်း လှုပ်နိုင်တယ်။ ခုန်လည်းခုန်နိုင်တယ်။ ပြေးလည်း ပြေးနိုင်တယ်။ နေရာမှာလဲ ကပ်နေနိုင်တယ်လေ"

သူမက လက်ရှိတွင် လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေရာ သတိမေ့တတ်ခြင်းလည်း မရှိချေ။ ဒီအချိန်တွင် သူမအနေဖြင့် သူ၏အဆောင်လက်ဖွဲ့က နေရာတွင် ကပ်နေခဲ့ကြောင်းကို သေချာမြင်နိုင်ခဲ့သည်။

ဒါကို ဘာလို့ ပြန်မေးနေတာလဲ။

ရှီချီက 'ဪ' ဆို၍ နားလည်ဟန် လုပ်ပြလေရာ နင်မုန့်က ဆက်မေးလိုက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now