Part 109

213 21 0
                                    

109 01

အပိုင်း (၁၀၉)

နင်မုန့်ကလည်း ရှီရှန်းယန်ကို တစ်ကြိမ်သော်မျှ မမြင်ခဲ့ဖူးသေးချေ။

စာအုပ်က ပြောထားသော အချက်အရဆိုလျှင် သူက စောစောစီးစီသာ သေဆုံးသွားခဲ့သည်ဟု ဆိုထားသည်။ သူမတွင်လည်း အဘွားရှီ၏ မှတ်ဉာဏ်များ ရှိခဲ့သည့်တိုင်းအောင် ရှီရှန်းကျင်းကသာ အကြီးဆုံး ကလေးဖြစ်ကြောင်း သိထားသည်။ အဘွားရှီက ရှီရှန်းယန်ကို ကိုယ်ဝန်ဆောင်ချိန်တွင် ရှီရှန်းကျင်းက ၁နှစ်နှင့် ၂လသား ဖြစ်နေပြီဖြစ်သည်။ ရှီရှန်းယန်ကို မွေးပြီးနောက် သူက သိပ်မကြာခင် စောစောစီးစီးသာ သေဆုံးသွားတော့သည်။

အဆုံးတွင် သူက မိသားစု စားရင်းထဲတွင်ပင် မှတ်တမ်းတင်ခြင်း မခံခဲ့ရချေ။ ထို့ကြောင့် ရှီရှန်းချန်နှင့် ရှီရှန်းကျင်းတို့ကမူ နေရာဝင်ယူသွားခြင်း ဖြစ်သည်။

စနစ်က ရှင်းပြသည်။

"အရွယ်မရောက်ခင် သေသွားတဲ့ ကလေးတွေက သူတို့အတွက် လုပ်ပေးတဲ့ သင်္ချိုင်းတွေ ဈာပနအခမ်းအနားပွဲတွေ မပိုင်ဆိုင်ရဘူးလေ။ မီးသင်္ဂြိုလ်ရုံလို နေရာတွေကလည်း သေခါစ ကလေးတွေကို လက်မခံကြဘူး"

ရှီရှန်းယန်၏ အရိုးပြာအိုးက ထိုအိုးထဲတွင် ရှိနေကတည်းက တစ်စုံတစ်ယောက်က သူ့ကို သီးသန့် သင်္ဂြိုလ်ပေးခဲ့ကြောင်း သေချာနေသည်။ ထို့အပြင် သူ့အတွက် လုပ်ထားသော ကျောက်စာတိုင်ကိုပင် သူမထံ ပို့လာခဲ့သေးသည်။

နင်မုန့်ကမူ မည်သည့်အတွက်ကြောင့် လူတစ်ယောက်က သူမထံ အရိုးပြာအိုးကို ပို့လာပြီး ကိုယ်တိုင်ကမူ ထွက်မလာကြောင်း နားမလည်တော့ချေ။ သူမထံ ပို့ရင်လည်း ကိုယ်တိုင်လာပို့ ပေးသင့်သည်။ ထို့အစား သူက လီချွမ်ထံမှတစ်ဆင့် သို့မဟုတ် အမြန်ချော့ပို့ယာဉ်မှတစ်ဆင့် သုံးကာ ပို့ကတည်းက တစ်စုံတစ်ရာ မှားယွင်း သွားမည့်အရေးကို မကြောက်လန့်ဟန် ရသည်။

"တစ်ခါတစ်ရံမှာ မွေးခါစ ကလေးတွေက အရမ်းအသုံးဝင်တယ်"

စနစ်၏ အသံက ထပ်ထွက်လာသည်။

"ရှီရှန်းယန်ရဲ့ မွေးနေ့နဲ့ သူရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက မင်းထက် နည်းနည်းလောက်ပဲ ဆိုးလောက်တယ်"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now