Part 89

410 56 1
                                    

89 01

အပိုင်း ၈၉ တူညီတဲ့ အိမ်ထောင်စု တစ်ခုထဲမှ စာရင်းသွင်းခြင်း

ချင်ဟွိုင်ဝမ်ကမူ သူမက ထိုသို့သော စကားမျိုးကို ပြောလိုက်မည်မှန်းလည်း မမျှော်လင့်ထားခဲ့ချေ။ သူ၏ နှလုံးသားကပင် အခုန်တို့ ရပ်သွားပြီဟု ခံစားလိုက်ရသည်။ သခင်လေးချီ၏ အကြည့်က ထိုအမည်မသိရသော အမျိုးသမီးထံ တစ်ချိန်လုံး ရောက်နေခြင်းကို သူကလည်း သဘာဝအလျောက်ပင် မြင်နိုင်သည်။ ထိုအမျိုးသမီး၏ အကြည့်ကမူ ရိုးရှင်းလွန်းသည်ဟု သူက ခံစားရသည်။

သူမက ဟန်ဆောင်နေခြင်း ရှိမရှိ သူ မသေချာသော်လည်း သခင်လေးချီ၏ နှလုံးသားကို လှုပ်ရှားအောင် လုပ်နိုင်ကတည်းက သူမတွင်လည်း စွမ်းရည်ရှိပေလိမ့်မည်။

သခင်လေးချီ၏ ပြန်ဖြေသံကို ကြားသောအခါ သခင်လေးချီက ဟွမ်ဖေးဖေး၏ စကားကို စိတ်ထဲပင် မထည့်ကြောင်း သိလိုက်ရသည်။ ထိုသခင်လေးချီက သဘာဝအလျောက်ပင် သူ့ကို ဆက်ဆံပုံကိုလည်း ပြောင်းလဲဟန် မပြချေ။ ထိုအခြေအနေက သူ့ကို စိတ်အေး သွားစေခဲ့သည်။

ချင်ဟွိုင်ဝမ်က ဟွမ်ဖေးဖေးကို စူးရဲစွာကြည့်လိုက်ပြီးနောက် ချက်ချင်းလိုလို ရှင်းပြသည်။

"သခင်လေးချီ ဒီမိန်းမက ရူးနေတာပါ။ ကျေးဇူးပြုပြီး သူမရဲ့ ပေါက်ကရ စကားတွေကို နားမထောင်ပါနဲ့"

သူ အကြောက်ဆုံးက ရှီချီ၏ဒေါသ ဖြစ်သည်။

အချိန်ကျလာသည့်အခါ အပြစ်ကင်းစင်သည့် ရပ်တည်နေသူများကပင် ဝင်ပါသွားနိုင်လေရာ ဟွမ်ဖေးဖေးက သူနှင့် ဆက်သွယ်နေသည့်အတွက် ချင်ဟွိုင်ဝမ်ကပင် အကျိုးအဆက်ကို ခံစားရလောက်သည်။

သူက အပြေးသွားပြီး ဟွမ်ဖေးဖေး၏ ပါးစပ်ကို ပိတ်လိုက်ချင်သည်။ သို့သော် သူမက မကျေမနပ် အော်ဟစ်ပြန်သည်။

"ငါမရူးဘူး။ ငါ ဘာမှားလို့လည်း ချင်ဟွိုင်ဝမ် နင်က အကောင်းဆုံး ဥပမာ မဟုတ်ဘူးလား။ နင်က ငါနဲ့ ကစားခဲ့ပြီး အဆုံးမှာတော့ ငါ့ကို စွန့်ပစ်သွားတာ မဟုတ်ဘူးလား"

နှစ်ဖက်လုံးက လူများက ရုတ်တရက် ပါဝင်ပတ်သက်သွားသည်။

ဟွမ်ဖေးဖေး၏ ပြန်လည် ငြင်းခံမှုကတစ်ဆင့် ချင်ဟွိုင်ဝမ်၏ လျှို့ဝှက်ချက်တိုင်းကို ပေါ်တင် ထုတ်ပြောတော့မယ်လို ဖြစ်လာလေရာ ချင်ဟွိုင်ဝမ်၏ မျက်နှာကို မည်းမှောင် လာစေသည်။ သူမ၏ စကားတိုင်းက မှားယွင်းမနေကြောင်း သိလိုက်သည်။ နင်မုန့်က ရှီချီ၏ အနားတွင် ရပ်နေပြီး ဆွံ့အနေရသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။जहाँ कहानियाँ रहती हैं। अभी खोजें