Part 97

308 33 0
                                    

အပိုင်း ၉၇ အလံမြှောက်ခြင်း

ချန်းရှန်းဝေက အိတ်ကပ်ထဲမှ တစ်ရှူကို ထုတ်လိုက်ပြီးနောက် ထိုဂူလေးကို သုတ်လိုက်သာအခါ စကားလုံးများက ပို၍ ရှင်းလင်းလာပြီး စကားလုံး၏ အဆုံးပိုင်းများကပင် ထင်ထင်ရှားရှား ပေါ်လာသည်။ အားလုံးကလည်း အောက်ဘက်ပိုင်းရှိ မြေဆီလွှာများကို ဆက်လက်ပြီး တူးထုတ်ကြတော့သည်။

ထိုသို့ဖြင့် နောက်ဆုံးတွင် လူတိုင်း၏ အရှေ့ကို ထိုသို့ဖြင့် နောက်ဆုံးတွင် လူတိုင်း၏ အရှေ့တွင် ထိုသေးငယ်သော ဂူတစ်ခုလုံး၏ပုံ၏စံက ထင်ခြားစွာ ပေါ်လာသည်။ ရေးသားထားသော စာအပြင် အဆုံးနားတွင်လည်း ဖရော်ငှက်ပုံလို သင်္ကေတများလည်း ရှိနေသေးသည်။ ကြော့ရှင်း ကြည့်ကောင်းနေခြင်း မရှိသော်လည်း လုံလောက်အောင် လှပသည်။ နင်မုန့်က သူမပင် မဖတ်တတ်သော စကားလုံးများကို စိုက်ကြည့်နေပြီး ခေါင်းကြိမ်းလာသည်။

သူမက ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်ပြီး ရှီချီ၏ ဘေးနားတွင် ရပ်လိုက်သည်။ သူမက လက်ဆန့်ကာ သူ၏ အဝတ်စကို ဆွဲပြီး ခေါင်းကို ထပ်ခါ တလဲလဲ ခါညင်းကာ ပြောသည်။

"ငါ ငါတကယ် မသိဘူး"

ဒီကိစ္စ၏ နောက်ကွယ်မှ တရားခံက သူမ၏ နာမည်ကို မည်သို့ သိနေကြောင်းကိုလည်း သူမက မသိတော့ချေ။ သူမက ဒီလောကထဲ ဝိညာဉ်ကူးပြောင်း လာပြီးကတည်းက နင်နေဖြစ်စေ မန်နင်ဖြစ် သခင်မကြီး ဖြစ်စေ ဘယ်တော့အခါ သူမ၏ နာမည်အရင်းကို အခြားသူတစ်ယောက်ကို မပြောခဲ့သည့် အတွက် ထိုလူများက သိစရာ အကြောင်း မရှိချေ။

ငါ့ရဲ့ အရင်လောက က လူမဟုတ်ခဲ့ရင်ပေါ့။

စနစ်က ရုတ်တရက် သတိပေးသည်။

"မင်း အရင်က ပြောခဲ့ဖူးတယ်။ ရေကူးကန်မှာ မန်နင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းကပေါ့ အဲဒီအချိန်တုန်းက မင်းကိုယ်တိုင် ပြောခဲ့တာ"

နင်က နင်နင် ဆိုတဲ့ နင် မန်က သံပုရာသီး ဆိုတဲ့ စကားလုံးက... ဆိုပြီး သူမက ပါးစပ်ဖြင့်ပင် ကိုယ်တိုင်ပြောကာ သူ၏ လက်ဖဝါးပေါ်တွင် ရေးပြခဲ့သည်။

နင်မုန့်က ထိုအခါမှသာ တုံ့ပြန်နိုင်လာသည်။ ရှီချီက သူမကို မှတ်ပုံတင်ကဒ်နှင့် အိမ်ထောင်စု စာရင်းစာအုပ်ကို သူမ၏ အကြောင်းအရာကို သိချင်မေးမြန်းခြင်း မရှိဘဲ ပေးလာခဲ့သည်မှာ အံ့ဩစရာ မရှိတော့ချေ။ ထို့အပြင် နာမည် စာလုံးပေါင်းကပင် မှန်နေခဲ့သည်။ ထိုအချိန်က သူမက များများစားစား မတွေးမိခဲ့ချေ။ ယခုအခါ သူမက ကိုယ့်အုတ်ဂူကို တူးခဲ့မိခြင်း ဖြစ်လောက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now