Part 52

748 89 0
                                    

အပိုင်း (၅၂) ထူးဆန်းတဲ့ မိန်းကလေး

ဆောင်းတွင်းက လျင်မြန်စွာဖြင့် ကုန်ဆုံးသွားသည်။

ညအချိန်ရောက်လာသောအခါ အေးစက်နေတတ်သေးသော်လည်း သူမက အိပ်ပျော်သွားပြီးသည့်နောက်တိုင်း ဘာကိုမှ မခံစားမိတော့ချေ။ သို့သော် မနက်ပိုင်း နိုးထလာသောအခါ အရိုးကွဲမတတ်အေးစိမ့်သော ခံစားချက်နှင့်အတူ ကျောင်းသို့ ဦးတည်ရပြန်သည်။

နေ့တိုင်းလိုလို သူမက အတန်းသို့ ရောက်သည်နှင့် ရှီချီ၏ လက်ကို ဆုပ်ကိုင်လိုက်‌လေ့ရှိသည်။ သူမကသာ သူ့ကို အိမ်သို့ခေါ်သွားနိုင်မည်ဆိုလျှင် ချက်ချင်းလိုလို မေးခွန်းထုတ်စရာပင် မလိုလောက်အောင် တန်းလုပ်လောက်သည်။

သူမက စနစ်ကို သူမ ထွက်သွားရမည့်အချိန်ကို မေးမြန်းသော်လည်း စနစ်က အချိန်အချို့ကျန်သေးသည်ဟု ဆိုလာသည်။

နင်မုန့်က အိတ်ထဲသို့ သကြားလုံးများထည့်ပြီး အတန်းသို့ နေ့တိုင်းဦးတည်ပြီး တစ်ဝက်ကို ရှီချီကို ခွဲပေးသည်။ သူက တစ်ခုမှဖောက်စားခြင်းကို မမြင်ရသည့်တိုင်အောင် အမြဲတစေ လက်ခံလေသည်။

စာသင်နှစ် ဒုတိယနှစ်ဝက်စတင်သောအခါ နွေဦးက နီးကပ်နေပြီဖြစ်သည်။ နင်မုန့်ကမူ အတန်ငယ် ခံစား၍ ကောင်းလာသလို ခံစားရသည်။

သူမ၏ ကိုယ်ထဲသို့ ယင်လေများ ဝင်ရောက်ပြီးချိန်ကစပြီး ပြင်းထန်သည့် အအေးဓာတ်နာကျင်မှုကို ခံစားနေရလေရာ ဆောင်းတွင်းတစ်ခုလုံး စောင်အောက်တွင်သာ အချိန်ဖြုန်းခဲ့ရသည်။

လျန်ဖုန်းမိန်က အပြင်သို့ ထွက်ရန် မကြာခဏ ခေါ်သော်လည်း သူမကို စိုးရိမ်နေသေးပြီး အိမ်အလုပ်တစ်ခုမျှပင် လုပ်ခိုင်းခြင်းမရှိဘဲ ရေနွေးအိတ်ကိုသာ ဖက်ခိုင်းထားသည်။

သူမက အိမ်စာလုပ်သည့်အချိန်တွင်ပင် ရေနွေးအိတ်ကို တောက်လျှောက် သယ်ထားရသည်။ ထို့ကြောင့် နေ့ရက်တိုင်းလိုလို ရှီချီ၏ လက်ကို လွမ်းနေရတော့သည်။

ကျောင်းစပြီး သိပ်မကြာခင်အချိန်တွင်ပင် သူတို့က နွေရာသီအတန်းအချိန်ဇယားနောက်လိုက်ရသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now