Part 9.2

1.2K 145 6
                                    

Unicode

အခန်း ၉.၂။ တံခါးမှာ မှန်တစ်ချပ်ချိတ်ထား (၂)

“ဒါနဲ့ ၁၇ နာမည်ကို မျိုးရိုးစာအုပ်ထဲ မှတ်ထားပြီးပြီလား”

“ခုထိ မလုပ်ရသေးဘူး”

သူမ ဒါကိုပြောလိုက်တော့ ရှီရှန်းကျင်း မျက်ခုံးပင့်လိုက်မိသည်။ 

ရှီချီနာမည်က တကယ့်ကို အတိတ်နိမိတ် မကောင်းလေသည်။ သူ့တတိယညီလေးအသိဉာဏ်နဲ့ဆို ဒီလိုနာမည်မျိုးကို ပေးမှာ မဟုတ်လောက်ပါဘူး။

တခြားအဓိပ္ပာယ်များရှိနေသေးတာလား။

“ဘာလို့ အမြန် မလုပ်သေးတာလဲ” နင်းမုန် ဒေါသတကြီးကြည့်လာခဲ့သည်။ 

ရှီရှန်းကျင်းလည်း ကူကယ်ရာမရဖြစ်ကာ “ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့”

ဘေးက ကြည့်နေတဲ့ရှီချီက သူ့မျက်လုံးထဲမှာ ရွှင်လန်းမှုလေးတွေနဲ့ ဖော်ပြလို့နေသည်။ 

ဒီဦးလေးက ဘယ်လောက်ပဲတော်တော် အဘွားရှေ့မှာတော့ တအားလိမ်မာသည်။ သူတကယ် စိတ်ဝင်စားဖို့ကောင်းသည်ဟုတွေးလိုက်မိသည်။

နင်းမုန်က ဒီအခွင့်အရေးကို ယူပြီး ရှီချီကို “အသက်ကြီးလာရင် မင်းဦးလေးကို စောင့်ရှောက်ပေးလိုက်ဦးနော်”

ရှီချီက ရှီရှန်းကျင်းကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး နာခံစွာ ခေါင်းညိတ်ပြလိုက်တော့သည်။ 

-

နေ့လည်စာစားပြီးတော့ နင်းမုန်နဲ့ ရှီရှန်းကျင်း စုချင်းချင်းကျောင်းကို သွားလိုက်ကြသည်

သူတို့ တက္ကသိုလ်က ရန်ကျင်းမှာ နာမည်ကြီးပင်။ ကျောင်းသားတွေက ကမ္ဘာကြီးရဲ့ထောင့်လေးထောင့်ကနေ လာကြလေသည်။ အုပ်ချုပ်ရေး အဆောက်အဦးကို တည်ထောင်တုန်းက ဖုန်းရွှေ သခင်တစ်ယောက် ကိုယ်တိုင်လာလည်ခဲ့လေသည်။

ရှီရှန်းကျင်းရဲ့ အဆင့်ကလည်း သာမန်မဟုတ်တာမို့ ကျောင်းအုပ်ဒါရိုက်တာဝမ် ကိုယ်တိုင်လာကြိုသည်။ 

ရှီရှန်းကျင်းက အရင်ကလည်း ဒီကိုလာလည်ပေမဲ့ ရလဒ်က သူ့ကိုအနည်းငယ် စိတ်ပျက်စေသည်။ အခု ထပ်လာလည်တော့ သတင်းပြန့်သွားတော့လေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now