Part 73

634 66 1
                                    

အပိုင်း (၇၃)

နင်မုန့်က သဟဇာတမဖြစ်သော သွေးဆောင်ဖြားယောင်းနေသည့် မျက်နှာထားမျိုးဖြင့် အလွန်အမင်း စိတ်လှုပ်ရှားလာရသည်။ သို့သော် သူမက ဖြောင့်မတ်မှန်ကန်စွာ ပြောလိုက်သေးသည်။

"မဟုတ်ပါဘူး"

ရှီချီက မျက်လွှာချထားလိုက်ပြီးနောက် ပြန်ဖြေသည်။

"ကောင်းပြီ"

သူ၏ မူလက ငယ်ရွယ်ကာ ချောမောသော မျက်နှာက ယခုအခါ အထီးကျန်ဆန်မှုများ အရောင်ဆိုးလိုက်သလို ဖြစ်သွားပြီး သူ၏ မေးစေ့ကပင် အားစိုက်လိုက်သလိုမျိုး မေးကြောများက တင်းသွားပြီး အနည်းငယ် သနားစရာကောင်းသွားသည်။

နင်မုန့်က တုန့်ဆိုင်းသွားသည်။

သူမက ရှီချီ၏ ထိုသို့သော မျက်နှာအမူအရာကို မြင်ရလျှင် တောင့်မခံနိုင်သော လူမျိုးဖြစ်သည်။ သူ ငယ်စဉ်က ချစ်စရာကောင်းသော အခြေအနေမျိုးသို့ ပြန်ရောက်သွားသလိုမျိုး သူ့ကို သူမ၏ လက်မောင်းကြားတွင် ဆွဲသွင်းလျက် ခေါင်းကို ပွတ်သပ်ချင်စိတ် ပေါက်လာစေမိသည်။

သူမက တခဏခန့် ရုန်းကန်ပြီးနောက် ချောင်းအနည်းငယ်ဟန့်လိုက်သည်။

"တကယ်တော့ ကျွန်မအထင် ဆရာ့ရဲ့ စကားကို နားထောင်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်"

ရှီချီက မျက်ခုံးပင့်ကာ ဖြေသည်။

"ကောင်းပြီ"

နင်မုန့်က သူ၏လေသံထဲတွင် စိတ်လက်ပေါ့ပါးသွားသော ခံစားချက်မျိုးကို ရလိုက်သည်။ သူမက ချလိုက်သော ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သေချာသွားလေသည်။

ဘေးဘက်မှ ဒါရိုက်တာကမူ ထိုမြင်ကွင်းတစ်ခုလုံးကို ထိုင်ကြည့်နေရသည်။

တက္ကသိုလ်တွင် ဒိတ်လုပ်ခြင်းက ကိစ္စကြီးမဟုတ်ချေ။ ကျောင်းကလည်း ဂရုမစိုက်ချေ။ ပြောရလျှင် ထိုမိန်းကလေး ဒီညလိုက်လာကတည်းက ရှီချီက ခေါ်သောကြောင့် ဖြစ်လောက်ပြီး ဘာကြောင့်ခေါ်လဲ နောက်ဆုံးတွင် နားလည်သွားရသည်။

သူတို့က ဒီနေရာကို ဒိတ်လုပ်ဖို့လာတာများလား။

ဝမ်ထျန်းမင်က ဉာဏ်အလင်းပွင့်လာသလို ခံစားလိုက်ရသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now