Part 92

330 43 0
                                    

အပိုင်း ၉၂ သူနဲ့အတူ အိပ်ရာအတူ ဝင်တာကို စိတ်ကူးယဉ်ကြည့်ရင်

ရှီချီက အသေးစိတ်များကိုမူ ထပ်မပြောလာခဲ့ချေ။

စောင့်ကြည့်ကင်မရာမှ ဖမ်းယူရိုက်ကူးနိုင်ခဲ့သော အချိန်က မတူချေ။ သူမ ပေါ်မလာခင် ကတည်းက အချိန်အနေများကိုပင် မှတ်တမ်းတင်ရန် ယူထားနိုင်ခဲ့ပြီ။ မတော်တဆမှု ဖြစ်သွားပြီးသည့် နောက်တွင်လည်း မှတ်တမ်းရယူ ထားနိုင်ခဲ့သည်။ သို့သော် မည်သူမှ ပေါ်မလာခဲ့ချေ။ သူမ တစ်ယောက်တည်းကသာ ရှိနေခဲ့သည်။

တစ်နာရီနီးပါး ကြာပြီးမှသာ လီယွဲ့ယွီ၏ အလောင်းကို ရှာတွေ့ခဲ့သော မျက်မြင်သက်သေက ရဲကို ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကိစ္စများက အအုပ်ခံလိုက်ရသည်။

မည်သို့ပင်ဆိုစေ လီယွဲ့ယွီ၏ သေဆုံးမှုက လုယွီချီ၏ ကိစ္စထပ် ပို၍ ကြောက်စရာ ကောင်းသည်။ အစမှ အဆုံးအထိ ထိုနေရာတွင် မည်သည့်ကားမှ မရှိသော်လည်း သူမက သေသွားခဲ့သေးသည်။

အနှစ်ချုပ်ဆိုရသော လုယွီချီ၏ မတော်တဆမှုက စိတ်ရူးပေါက်သွား သောကြောင့်ဟု ရှင်းပြနိုင်သေးသည်။ ရဲများကသာ ထိုဗီဒီယိုကို ပေါက်ကြား စေလိုက်လျှင် တစ်လောကလုံးက ရူးသွပ် သွားကြပေလိမ့်မည်။ သဘာဝလွန် မတော်တဆမှုတစ်ခုဟု နာမည်တပ်ကြပေလိမ့်မည်။

ထို့အပြင် ထိုလမ်းကိုလည်း ပိတ်ထားပြီး ထိုနေရာနှင့် နီးကပ်သော နေရာများသို့ မည်သူ့ကိုမှ သွားခွင့် မပြုထားချေ။ သို့သော် အလွန်းအမင်း သတ္တိရှိပြီး အပျော်ရှာချင်သော လူချို့ကသာ ထိုနေရာသို့ သွားပြီး ဓာတ်ပုံရိုက်ယူခြင်းဖြင့် နာမည်ကြီး လိုကြသည်။ သို့သော် အဆုံးတွင်မူ ထိုလူများ အားလုံးက မောင်းထုတ်ခံရသည်။

အင်တာနက်ပေါ်တွင် လုယွီချီနဲ့ ပတ်သက်သော သတင်းများကိုသာ ရှာတွေ့ပြီး လီယွဲ့ယွီ၏ သတင်းများ အားလုံးကို ခပ်မြန်မြန် အဖျက်ခံရသည်။ အဖျက်ခံရသည့်တိုင်အောင် ကောလာဟလများက ဖိုရမ်တိုင်းတွင် ပြန့်နှံ့နေခဲ့သေးသည်။

ပုံမှန်အားဖြင့် လူအများက ထိုသို့သော သဘာဝလွန်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကိစ္စများကို အလွန်သဘောကျကြလေရာ အထူးတလည် မေးလာကြသေးသည်။ ထို့ကြောင့် ပြည်တွင်း၏ ထိပ်တန်းသဘာဝလွန် အဖြစ်အပျက် ၁၀ခုဟုပင် ခေါင်းစည်းချုပ် ဆောင်းပါးတွင်သော အခြေအနေများကပင် ပေါ်ထွက်လာသေးသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now