Part 58

621 72 0
                                    

အခန်း (၅၈) မြို့နယ် ၁ အထက်တန်းကျောင်းသို့ တချက်ကြည့်ရန် သွားရောက်လည်ပတ်ခြင်း

ကုနန်ချန်၏ အသံက နားထောင်ရကောင်းသည်။

သူမက နင်မုန့်ကို ကာကွယ်ရန်ဟု ရည်ရွယ်ခဲ့သည့်တိုင်အောင် နင်မုန့်ကမူ နှစ်သိမ့်သည်ဟု မခံစားရဘဲ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟုသာ ခံစားရသည်။

ဖြစ်နိုင်တာက ဒါက ရှောင်ပိုင်ဟွားတွေ စကားပြောတတ်တဲ့ ပုံစံမျိုးဖြစ်လောက်တယ်။

ကုနန်ချန်က အနောက်မှ ခြေတစ်လှမ်းထွက်လာပြီးနောက် ကောင်လေးကို ပြောသည်။

"ဘာကိစ္စမှမရှိပါဘူး၊ မန်နင်က ငါ့ကိုလည်း ဘာမှလုပ်မှာမဟုတ်ဘူး၊ မန်နင်က ငါ့ကို ကောင်းကောင်း ဆက်ဆံပါတယ်၊ နင် မြန်မြန် ပြန်သင့်ပြီ"

နင်မုန့်က ပြောသည်။

"ငါ အခု တကယ်ကို တစ်ခုခုစားချင်နေတာပါ၊ နင် ငါ့ကို တကယ် အကောင်းမြင်တယ်ဆိုရင် ကျေးဇူးပြုပြီး လမ်းဖယ်ပေးနိုင်မလား၊ ငါ တကယ် ဗိုက်ဆာနေပြီ"

သူမက အချိန်အတန်ကြာအောင် ဘီစကစ်သာလျှင် စားရသေးသည်။ မဟုတ်လျှင် ဆာလောင်၍ သေတော့မည်ဟု ထင်သည်။

မျက်လုံးထဲတွင် မျက်ရည်အပြည့်ဖြင့် ကုနန်ချန်က ရုတ်တရက် တခစ်ခစ် ရယ်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောသည်။

"မန်နင် နင် ဘာမှမစားရသေးဘူးလား၊ ဒါဆိုရင် နင် ဗိုက်ဆာနေမှာပဲ၊ ငါ နင့်ကို အဖော်ပြုပေးမယ်လေ"

"သူမနဲ့ မစားနဲ့"

အနားရှိကောင်လေးက သူမကို ပြန်ဆွဲထားသည်။

"သူမက မင်းကို တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ သူမ ဘာတွေးနေလဲ ဘယ်လိုသိနိုင်မှာလဲ၊ မင်းလည်း သူမကို နိုင်မှာမှမဟုတ်ဘဲ"

နင်မုန့်ကမူ ကြောင်တောင်တောင် ဖြစ်သော အမူအရာပင် ဖြစ်သွားသည်။

သူမက ယခုမှ ထိုရှောင်ပိုင်ဟွား၏ ရုပ်သွင်အစစ်ကို မြင်လိုက်ဖူးခြင်းဖြစ်သည်။ သူမ ယခင်က ဝတ္ထုကို ဖတ်ခဲ့ဖူးသော်လည်း များများစားစား မခံစားခဲ့ရချေ။ ယခုမှသာ သူမကိုယ်တိုင် မြင်လိုက်ရသဖြင့် အလွန်ပင် ဒေါသထွက်ချင်စရာ ကောင်းကြောင်း သိလိုက်ရသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now