Part 43

787 113 3
                                    

အပိုင်း (၄၃) ယင်အမျိုးသမီးတွေဆိုတာ။

စက္ကူရုပ်လေးများက အလွန်သေးငယ်ပြီး မတ်တပ်ရပ်နေလျှင် လက်တဝါးစာသာ မြင့်လေသည်။ ရှီချီ၏ လက်နှင့် ရင်ဆိုင်ရသောအခါ သူတို့က အားနည်းစွာ ရုန်းကန်နေကြသည်။

နင်မုန့်က သူ၏ ဖမ်းဆုပ်ထားမှုမှ သူတို့ကို ကယ်ဆယ်လိုက်သည့် အချိန်တွင် စက္ကူရုပ်လေးနှစ်ရုပ်က ချက်ချင်းလိုလို ရှီချီနှင့် ခပ်ဝေးဝေးသို့ လာပြီး သူမ၏ နောက်တွင် ပုန်းကွယ်သည်။ သူတို့က သူမ၏ လက်ဝါးကြားတွင် နေလျက် သူ့ကို ပြန်ခိုးကြည့်နေကြသည်။

သူမက တိတ်တဆိတ် ပြောလိုက်သည်။

"သူ့ကို ရန်မစမိစေနဲ့ "

သူသာ မပျော်မရွှင်ဖြစ်သွားရင် ဒီစက္ကူရုပ်တွေကို လောင်ကျွမ်းပြာချလိုက်တာ ဖြစ်မသွားနိုင်ဘူးလား။ အနာဂတ်မှာ ဒါမျိုး ပြန်ရှာဖို့ လွယ်တော့တာမှ မဟုတ်တာ။

ရှီချီ။ "..."

သူမ၏ အသံက မတိုးသောကြောင့် သူက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ထိုအခြေအနေကို သတိမထားမိသည့် နင်မုန့်က စက္ကူရုပ်နှစ်ရုပ်ကို စနောက်နေပြီးမှသာ ဝမ်ရှန်းကို ပြန်မေးသည်။

"ဒါဆိုရင် နင်တို့တွေ အခုကစပြီး ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

"သူတို့က စက္ကူရုပ်များကို မှီခိုပြီး ယုန်များရှာခိုင်းကာ အထောက်အပံ့ ပြုနေရခြင်း ဖြစ်ရာ စက္ကူရုပ်လုပ်ခြင်းကို လက်လျော့ရတော့မည်ဖြစ်သဖြင့် သူတို့အနေဖြင့် ရှင်သန်နေထိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

ဝမ်ရှန်းက ပြန်ဖြေသည်။

"ရဲသားဦးလေးတစ်ယောက်က ငါ့ကို အရိပ်ရုပ်သေးပြဇာတ်တစ်ခုနဲ့ မိတ်ဆက်ပေးထားတယ်၊ အဲ့ဒီပြဇာတ်ရုံက တကယ့်အစစ်အမှန်ပါ၊ သူတို့က အလုပ်သင်တွေခေါ်နေတယ်၊ အဘိုးကလည်း အဲ့ဒီကို ဝင်ခိုင်းပြီး ငါကလည်း ဝင်ခွင့်အောင်သွားပြီ မှတ်တာပဲ"

သူက ငယ်စဉ်ကတည်းက အဘိုးဖြစ်သူထံမှ အရိပ်ပြဇာတ်များအကြောင်း သင်ယူခဲ့ရသည်။ ထို့ကြောင့် သူကလည်း စွမ်းရည်ရှိပေသည်။ သူက အသုံးပြုခဲခြင်းသာဖြစ်ပြီး ဒါကလည်း သာမန်ဆန်လွန်းသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now