Part 21

1K 154 4
                                    

Unicode

အခန်း(၂၁)

အိမ်ပြန်ဖို့အချိန်ပဲ

ရှီချီသည် ရှေ့နောက်ဝေ့ယမ်းနေသည့် အမြီးကိုသာ မြင်ခဲ့ရကာ ထိုအမြီးက သူ့ကို လှမ်းကိုင်ချင်စိတ် လှုပ်ဆွနေ၏။

သူလှမ်းကိုင်ရန်ပြင်လိုက်သည့် အချိန် အမြီးက ရုတ်တရက်ပြန်သိမ်းလိုက်သည်။ပြီးနောက် သူ့လက်ကောက်ဝတ်က ရွယ်လိုက်သည်။သို့သော် အမြီးကိုထိလိုက်သည့်အခါ ထိုအကောင်၏ အမွှေးများ မီးကျွင်းသကဲ့သို့ ကျွတ်ကုန်သည်။

လျိုယွမ်ယွမ်သည် ဓာတ်လိုက်သကဲ့သို့ ရုတ်တရက် တုန်ခါသွားသည်။သူမရှေ့တွင် ရပ်နေသည့် ယန်ထျန်းရွယ်သည် ထိုဖြစ်စဉ်ကို မြင်လိုက်သည်။ပဟေဠိဖြစ်သွားသော်လည်း သူ့အနေဖြင့် ဘာမှမကူညီနိုင်ဘဲ မေးလိုက်၏။

“ဘာမှားလို့တုန်း..ချမ်းလို့လား”

လျိုယွမ်ယွမ်သည် သူမဘာဖြစ်နေမှန်းမသိပေ။ သူမက ခေါင်းခါလိုက်ပြီး

“ကျွန်မ မသိဘူး”

သူမသည် ရုတ်တရက်ကျဉ်းကျပ်သလိုသာ ခံစားလိုက်ရသည်။သူမနောက်ကို လှည့်လိုက်သည့်အခါ နောက်တွင် အစိမ်းရောင်မျက်လုံးနှင့် ကလေးရပ်နေသည်ကို မြင်လိုက်ရ၏။ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ့၏အကြည့်ကို ခံလိုက်ရသည်။

ယခုလက်ရှိတွင် ရှီချီသည် အမွှေးပြောင်သွားသည့်အမြီးကို စိုက်ကြည့်နေသော်ငြား လျိုယွမ်ယွမ်၏မျက်လုံးတွင် သူ့၏အကြည့်သည် သူမ၏တင်ပါးတွင် ရောက်နေသည်ဟုမြင်သည်။

လျိုယွမ်ယွမ်က ဒေါသထွက်သွားကာ

 “ဒီလို ငယ်ငယ်ရွယ်ရွယ်တုန်းမှာတောင် ဒီလောက်အောက်တန်းကျ ရိုင်းပြနေတဲ့အခါ နင်ကြီးလာရင် ဘယ်လောက်တောင် ဆိုးမလဲဆိုတာ ငါတွေးလို့တောင်မရနိုင်ဘူးဟဲ့”

ရှီချီသည် အောက်တန်းကျသည်ဆိုသည့် အဓိပ္ပာယ်ကို အမှန်တကယ်ပင် နားမလည်သည်ပင်။ 

သို့သော် ဆိုရင်းအဓိပ္ပာယ်က မကောင်းမှန်းတော့ သူခံစားမိသည်။တိတ်တိတ်လေးသာ နေရင်း သူသည် ရှီရှန်းကျင်း၏ဘေးဘက်တွင်သွားရပ်လိုက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now