Part 65

577 76 0
                                    

အပိုင်း (၆၅) ငါက ရှီချီရဲ့ မိန်းကလေး ပရိတ်သတ်ပါ

ကုနန်ချန်က ခုန်ဆွခုန်ဆွ သွားသလောက် ပုံစံမျိုးဖြင့်သာ အ‌ဝေးသို့ ထွက်သွားခြင်း ဖြစ်သော်လည်း သူမ၏ ပုံရိပ်က လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။

နင်မုန့်၏ နှုတ်ခမ်းများက ကော့တက်သွားတော့သည်။ မျှော်လင့်ထားသည့်အတိုင်း စကားလုံးများကို ထိုသို့ အသုံးပြုခြင်းက အလုပ်ဖြစ်သည်။ ကုနန်ချန်က အမြဲတစေ မန်နင်၏ မိတ်ဆွေဆက်ဖြစ်ချင်သည်ဟု ပြောနေခဲ့သော်လည်း အမှန်အတိုင်းဆိုရသော် သူမက မန်နင်နှင့် အဆက်အသွယ် ဖြတ်ချင်နေလောက်သည်။

အနာဂတ်တွင် သူမနှင့် ပက်ပင်းတိုးခဲ့ပါက အလားတူ အပြစ်ကင်းချင်ယောင်ဆောင်ခြင်းအားဖြင့် တစ်ဖက်လူကို အလိုလို ထွက်ပြေးသွားအောင် လုပ်ရပေမည်။

သူမက အဆောင်သို့ ပြန်လိုက်သည်။

ညနေခင်း အချိန်သာ ဖြစ်နေသေးသောကြောင့် အဆောင်ထဲတွင် မည်သူမှ ရှိမနေချေ။ သူမ တစ်ယောက်တည်းသာ ရှိနေသည်။ သူမက အလိုအလျောက် အချိန်ပိုင်းအလုပ်များကို ရှာဖွေရန် ကြည့်နေလိုက်သည်။

အချိန်မည်မျှ ကုန်လွန်သွားကြောင်း မသိတော့သည့်အချိန်တွင် တံခါးက တွန်းဖွင့်ခံရသည့်အသံကို ကြားသောအခါ နင်မုန့်က ခေါင်းလှည့်ကြည့်လိုက်သည်။

ယွီရှောင်းလျန်က လီကျောင်းနှင့်အတူ ဝင်လာသည်။ တစ်ဖက်က အထွန့်တက်နေသေးသည်။

"ငါ ဒီည မသွားဘူး၊ ကြည့်စရာဗီဒီယိုတွေ ရှိသေးတယ်၊ နင့်ဘာသာ သွား"

သူမ၏ လေသံက နားထောင်မကောင်းချေ။ သူမမျက်နှာကလည်း ပျက်ယွင်းနေပြီး ရှောင်းလျန်၏ ခံစားချက်ကို အနည်းငယ်မျှပင် ထည့်တွေးစဉ်းစားခြင်းသာ မရှိလျှင် ကျိန်ဆဲလောက်သည်။

ယွီရှောင်းလျန်က သူမ၏ စကားများကြောင့် ရှက်သွားရသည်။

အခန်းထဲတွင် သူမကို ကြည့်နေသေးသည့် မန်နင်ကို မြင်သောအခါ သူမက ပို၍ ရှက်သွားပြီးနောက် မနည်းဖျစ်ညှစ်ကာ ပြုံးလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆို ငါ့ဘာသာ သွားမယ်"

လီကျောင်းက ခေါင်းညိတ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now